part-8
ဟိုတစ်နေ့ပြီးကတည်းက
ကလေးနဲ့စကားမပြောဖြစ်တာ3ရက်လောက်ရှိပြီ
ကလေးကကျောင်းကပြန်လာရင်လဲအခန်းထဲဝင်ပြီးဇွတ်အိပ်တော့တာပဲ
ကျနော်ကဘာဖြစ်နေလဲမေးတော့ပင်ပန်းနေပြီနားချင်ပြီတဲ့
မျက်နှာလေးကြည့်ရတာလဲတကယ်နွမ်းနယ်နေတာမို့ကလေးကိုဆက်မနှောက်ယှက်ပဲခပ်လှမ်းလှမ်းကနေပဲ အကဲခတ်နေရတယ်
ဒီနေ့တော့မရတော့ဘူးကျနော်သူ့ကိုတကယ် လွမ်းနေပြီ မြင်နေရဲ့သားနဲ့လွမ်းနေရတာဒုက္ခမြင်သာမြင်မကြင်ရဖြစ်နေတာတွေတော်သေးပြီ
အခုလဲကြည့်ကျောင်းကနေပြန်လာတာကို လူကိုတစ်ချက်ကလေးတောင်အဖက်မလုပ်သွားဘူး"ကလေးနေအုန်း "အယ်လှည့်မကြည့်ဘူး
"ပေါက်စအဲ့နားတင်ရပ်စမ်း"အသားကုန်အော်လိုက်မှ ရပ်သွားတဲ့ခြေလှမ်းတွေ
ခြေလှမ်းတွေသာရပ်သွားပေမယ့် ကျနော့်ကိုလှည့်လဲမကြည့်သလိုစကားလဲမပြောတဲ့ပေါက်စ ကျနော်သူ့ရှေ့တည့်တည့်သွားရပ်တော့လဲ ခေါင်းတွေငုံ့သွားလေရဲ့ သူ့မျက်နှာလေး ကျနော်ဘယ်လောက်လွမ်းနေလဲသူမသိဘူး"ပေါက်စ မင်းညနေထမင်းမစားတာဘယ်နှရက်ရှိပြီလဲ သိရောသိသေးလားဟမ်"သူကအစာအိမ်ရှိတယ် ဗိုက်အောင့်တတ်တာကိုရောမေ့များမေ့နေသလားကလေးငယ်
"အာ ဟုတ်သားပဲ ge ဗိုက်ဆာနေရောပေါ့ သားချက်ပေးမယ်ခဏစောင့်"သားge ကိုချစ်တယ် ဒါပေမယ့် ge ကိုမယုံရဲဘူး ge က ခဏတာအပျော်အပျက်ဆိုရင် သားးးပဲ
မီးဖိုးထဲဝင်သွားပြီးချက်ချင်းချက်ပြုတ်နေတဲ့ပေါက်စလေးဗိုက်ဆာနေပြီနေမှာ
ကလေးရဲ့လေးလေးကလဲအိမ်ကိုမကပ်ပါဘူးအမှန်ဆိုကိုယ့်တူလေးကို စောင့်ရှောက်ရမှာပေါ့
နေပါသူအိမ်မှာမရှိလေကောင်းလေပဲ
ပေါက်စလေးထမင်းချက်တာကို တစိမ့်စိမ့်ထိုင်ကြည့်နေလိုက်တယ်
မျက်နှာလေးကအခုထိ ညှိုးနေတုန်းပဲ
တစ်ချက်ချက် ခေါင်းမော့ပြီးမျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်နေတဲ့ကလေး
"ပေါက်စ ဘာဖြစ်တာလဲ ဝမ်းနည်းနေတာလားဟင်"ငိုချင်နေတာအိမ်ကိုလွမ်းလို့လားမသိဘူး"ဟင့် ---ဘာမှမဖြစ်ပါဘူး"တဖြည်းဖြည်းနဲ့ပိုသေချာလာတယ်
သားကိုကြည့်နေတဲ့ge ကိုချစ်နေမိပြီ