part-2

332 26 0
                                    

part -2

ဒီကောင်လေးကိုကြည့်ရတာချစ်စရာလေး
ဟိုအဘိုးကြီးလင်မယားလဲ ကျနော့်ကိုကြောက်လို့ပြေးပြီ

ကျနော်ကခြောက်တာမဟုတ်ပါဘူး
သူတို့ကိုပြောစရာရှိလို့ ပါ

ဒါပေမယ့်ကျနော့်မှာအစွမ်းကအလုံလောက်မရှိတော့
သူတို့ကိုစကားပြောတဲ့အခါ
ပုံမှန်အသံမဟုတ်ပဲနဲ့ဂယောက်ဂယက်အသံတွေထွက်ကုန်ရော

ကိုယ်ထင်ပြဖို့ဆိုလဲ အစွမ်းတွေကို 6လလောက်စုထားမှ5min လောက်ပဲပြရတာတဲ့ကျနော့်စီနီယာတွေကပြောပြတယ်
ကျနော်ဝိညာဉ်ဖြစ်တာ 4လလောက်ပဲရှိသေးတယ်ကိုယ်ထင်ပြမရလို့အသံပေးတာကို
အဘိုးကြီးလင်မယားကပြေးနေတာကိုမှုန်နေတာပဲ

ဒီကောင်လေးနဲ့တော့ကျနော်ပျော်ရမယ်ထင်တယ်
ကျနော်တစ်ယောက်တည်းအထီးကျန်တယ်

ခုလဲကြည့်ပါ့လားအိပ်နေတာများကုလားသေကုလားမော
မနက် 10နာရီခွဲနေပြီမထသေးဘူး
ဟော ပြောရင်းဆိုရင်းနိုးလာပါပြီဗျာ

"အားးးးးးးးးးးးးးး ခင်ဗျားးးးကသူခိုးလားးအားးးးးးးးးးလေးလေးရေကယ်ပါအုန်း အိမ်ထဲကိုလူကြီးရောက်နေတယ် အားးးးးးးးးးးးးလေးလေးရေ"အမလေး သားဘဝတော့ကိုယ်ကြိုးနည်းပါပြီ အိပ်ယာဘေးမှာရှိတဲ့ပစ္စည်းနဲ့လူကြီးကိုပြစ်ပေါက်တော့
လူကြီးကိုယ်ထဲကိုဖြတ်ဝင်သွားတယ်
"ဗြဲ မားးးးမားးးရေ သရဲသရဲ မားမားသားလေးတော့ ဘဝဆုံးပါပြီ ဟင့် ဟင့်"

တစ်ယောက်တည်းပြောပြီးမေ့လဲသွားတဲ့yifan ကိုကြည့်ပြီး chanyeol မှာကြောင်တောင်တောင်နဲ့
"ဟေ့ကောင်လေး ဟေ့ပေါက်စ ထလေ "
ဒုက္ခပဲကျနော်ကလဲဘာမှထိမရ
ဟောဟော နိုးလာပြီပြန်ပြီး
"ခင်ဗျားးးးးးးးးခင်ဗျားးးးးးးးးသရဲ "အမေ့သားလေးတော့ကိုယ်ကြိုးနည်းပါပြီ

"ခဏလေးပါကွာ ပြန်တော့သတိမမေ့ပါနဲ့အုန်း"ဟုတ်တယ်လေ သောက်ကလေးကပြန်ပြီးသတိမေ့တော့မလို့

"သွားးးခင်ဗျားဝေးဝေးနေ"
သတိပြန်မေ့မလို့ပါဆိုမှ ခဏနေအုန်းတဲ့

"ကိုယ်က သေပြီးသားမဟုတ်ဘူး ကိုယ့် ဝိညာဉ်ကမြောနေတာ ပြီးတော့ကိုယ်ဒီအိမ်လေးကနေဘယ်မှသွားမရဘူး အဲ့တာကြောင့်ကလေးက လက်ခံပေးနော်"

My husband is the ghostWhere stories live. Discover now