part-4
ဒီနေ့ကျောင်းပိတ်တယ်
geနဲ့တနေကုန် TV ကြည့်မလို့သရဲကားတွေကြည့်ဝယ်ထားတယ်
ဟိုတနေ့က ge နဲ့မတော်တဆနမ်းမိတာကို geရောသားရောမသိချင်ယောင်ဆောင်နေတယ် ယောကျာ်းလေးချင်းချင်းပဲဟာဟိုတနေ့မတော်တဆနမ်းမိတဲ့ကလေးရဲ့နခမ်းကနွေးထွေးမှုလေးကိုအခုထိ ကိုယ်ခံစားလို့ရသေးတယ် ကိုယ်ကလေးအပေါ်အရောင်တွေများဆိုးမိနေပြီလားကလေးရယ် ဟူးးးးးးးးးးး
ကလေးစုတ်လေးကျောင်းပိတ်တာကိုနားနားနေနေမနေဘူး
သရဲကားကြည့်မလို့တဲ့
တစ်အိမ်လုံးလဲအမှောင်ချထားသေးတယ်
ကျနော်ကသရဲသာဖြစ်တာသရဲကြောက်တယ်ဒီနေ့ kai စီသွားမလို့ပါဆို
ကလေးနဲ့ကိုယ်နဲ့ ဘယ်လိုလုပ်ထိရသွားလဲကိုယ်သွားမေးမလို့ဟာ
kai ကလဲလူပါပဲသူကရှေ့ဖြစ်ဟောတဲ့နတ်ဆရာလိုလူ
ဒါပေမယ့်အဲ့ကောင်က clup လဲတတ်တယ်
အရက်လဲသောက်တယ်
ရည်းစားကလဲပွေသေးတယ်
ကိုယ်သွားပြီဆိုအသံပေးပြီးမှ ဝင်ရဲတယ်
မဟုတ်ရင် သူ့ရဲ့စော်တွေနဲ့
18+အထက်လုပ်နေကျတာ ကိုယ်မမြင်ချင်ဘူး
ကိုယ်ကရှက်တတ်တယ်
ဒါပေမယ့် kai ကကိစ္စတော်တော်များများကိုသိတယ်
kai နဲ့ကိုယ်နဲ့လဲအသားချင်းထိရတယ်
အဲ့တုန်းက kai ကပြောတာတော့သူကတခြားသူတွေနဲ့မတူဘူးတဲ့"geဘာတွေတွေးနေတာတုန်း ဟိုမယ် ဇာတ်ကားကစနေပြီကို"
"အမ် အေးပါ"အားးးအဲ့နှုတ်ခမ်းချွန်ချွန်လေး
ကိုယ့်ကို သတ်မယ့်လူသတ်လက်နက်
ကိုယ်သရဲကိုကြောက်လို့ရင်တုန်တာထက်
ရင်ခွင်ထဲ လာမှီနေတဲ့ကလေးကြောင့် ရင်ပိုတုန်တယ်"ge ကအေးနေတာပဲ so good"
အမလေး wu yifan ရေ ကိုယ့်ကိုအသက်မရှင်စေချင်တော့ဘူးတူတယ် လက်မလေးထောင်ပြီးပြုံးစိပြုံးစိလုပ်ပြနေတဲ့အကောင်ပေါက်
တဆိတ်လောက်မင်းချစ်ဖို့ကောင်းတာမလွန်လွန်းဘူးလားဒီလူ သေရတော့မယ်ဗျ
ရင်ခွင်ထဲက ကလေးကတော့သရဲကားကိုအသဲသန်ကြည့်နေလေရဲ့
ကိုယ်ကတော့ကလေးမျက်နှာလေးကိုအသဲသန်ပြန်ကြည့်နေလိုက်တယ်
သရဲကြောက်တာတွေလဲ အကုန်ပျောက်
ကလေးမျက်နှာလေးမြင်နေရ ရင်ကိုစိတ်ချမ်းသာတယ်
နမ်းချင်နေတဲ့စိတ်လေးကိုထိန်းချုပ်နေရတာကတော့ချွင်းချက်