Zawgyi
" သား tin ဒီမှာစောင့်နေနော် အပြင်ခဏသွားလိုက်အုံးမယ်။ သားမွေးနေ့ကျပြန်လာခဲ့မယ်ဟုတ်လား "
ဘယ်သူပြောနေမှန်းမသိပေမယ့် ခေါင်းညိမ့်ပြလိုက်မိသည်။ တစ်ရွေ့ရွေ့ထွက်ခွာသွားသော ရထားကိုကြည့်ရင်း သည်းကြီးမဲကြီးရွာချနေသောမိုးရေစက်တွေကြား တစ်စုံတစ်ယောက်ကိုထိုင်စောင့်နေမိခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ တစ်ကိုယ်လုံးညောင်းညာလာကာ မိုးရေတွေရွှဲနစ်နေသဖြင့် မေးတဆက်ဆက်ရိုက်သည်အထိ အအေးဒဏ်ကိုပြင်းပြင်းထန်ထန်ခံစားလာရသည်။ ထိုင်နေရာမှရွေ့ဖို့လုပ်ကြည့်ပေမယ့် နည်းနည်းမှလှုပ်လို့မရ။ အားနှင့်အတင်းရုန်းကန်နေရ၍ မောပန်းလာသလို မျက်ရည်တွေလည်းစီးကျလာသည်။
သူ့ကိုစောင့်ခိုင်းတာ ဘယ်သူလဲ။ ပြီးတော့ Tin လို့ခေါ်သွားတာကြားလိုက်သည်။ သူက Tin မှမဟုတ်ပဲ Mean လေ ။ မျက်စိစုံမှိတ်ပြီးအတင်းရုန်းကန်ရင်း ညသန်းခေါင်ကြီးလန့်နိုးလာခဲ့သည်။
ဒီလိုအိမ်မက်မျိုး သူမက်တာကြာပြီ ။ အထူးသဖြင့်ဒီလိုမွေးနေ့မနက်ခင်းမျိုး ငယ်ငယ်ကတော့ အိမ်မက်ကလန့်နိုးလာလျှင် ကြောက်လန့်တကြားငိုပြီး Mae တို့ကြားသွားအိပ်တတ်ပေမယ့် ကြီးလာတော့လည်းသူခံနိုင်ရည်ရှိလာခဲ့သလို Mae တို့လည်း ဒီလိုအိမ်မက်ဆိုးတွေမမက်တော့ဟုထင်နေခဲ့ကြသည်။
ဒီညတော့ ထုံးစံအတိုင်းဆက်အိပ်လို့ရတော့မည်မထင်ပေ။ Air con ကိုဂိတ်ဆုံးအထိထားလိုက်ကာ အံဆွဲလေးထဲသူထည့်သိမ်းထားသော photo album လေးကိုထုတ်ဖွင့်လိုက်သည်။
album လေးထဲမှာ သူတတ်နိုင်သလောက်ရှာစုထားသည့် ထိုင်းနိုင်ငံတစ်ဝန်းမှဘူတာရုံဓာတ်ပုံလေးတွေရှိသည်။ ဒီalbum ကို Mae တွေ့ကာစတုန်းက မျက်စိမျက်နှာပျက်ကာ လွှင့်ပစ်ဖို့အထိလုပ်ခဲ့သည်။ ဘာမဟုတ်တဲ့အိမ်မက်ကို ဒီလောက်ထိအလေးအနက်ထားနေရလားဆိုပြီးတော့လည်း ဆူခဲ့သေးသည်။
YOU ARE READING
အချစ်နှင့်လက်တစ်ကမ်းအကွာ.... ( U+Z )
Fanfictionအမှတ်တမဲ့ ခလုတ်တိုက်မိလိုက်တဲ့ အဝါရောင်ပျော်ရွှင်ခြင်းတွေ..... ခပ်ဝေးဝေးမှာ သွားရှာစရာမလိုပါဘူး တခါတလေတော့လည်း ချစ်ခြင်းမေတ္တာဆိုတာ ကျွန်တော်တို့ရဲ့လက်တစ်ကမ်းအကွာမှာပဲရှိနေတတ်ပါတယ် 💙💚