P-12

534 79 3
                                    

Zawgyi

Pond : ​ကောင်​​လေး​တွေနိုးပြီလား။ ဗိုက်​ဆာရင်​ မီးဖိုခန်းထဲမှာ​ကော်​ဖီရှိတယ်​ ​ဖျော်​​သောက်​​နော်​။ ဦး​လေး​တော့ နှစ်​အိမ်​​ကျော်​က အိမ်​​ဆောက်​တာသွားကူ​ပေးလိုက်​အုံးမယ်​။ ​ထမင်းစားချိန်​အမှီပြန်​လာခဲ့မယ်​​ဟေ့

Mean : ဟာ ဦး​လေး ခဏ​စောင့်​ ကျွန်​​တော်​တို့လည်းလိုက်​မယ်​။ ဒီတိုင်း​နေရတာ ပျင်းစရာကြီး
ဟျောင့်​ Plan မြန်​မြန်​လုပ်​ အပြင်​သွားကြမယ်

Pond : မလုပ်​ပါနဲ့ကွာ။ မင်းတို့နဲ့မဖြစ်​ပါဘူး။ ဒီမှာပဲ​အေး​ဆေး​နား​နေစမ်းပါ

Plan : ရတယ်​ ဦး​လေး ကျွန်​​တော်​တို့ကလူငယ်​​တွေပါ ​တော်​ရုံအလုပ်​​လောက်​ကရပါတယ်

Plan ပါထွက်​လာပြီး အားတက်​သ​ရော​ပြော​နေ​တော့လည်း ​ခေါင်းပဲတစ်​ဆတ်​ဆတ်​ညိမ့်​ပြကာ လာ လာ ဆိုသည့်​သ​ဘောနဲ့ လက်​ယက်​​ခေါ်သွား​လေသည်​။

Pond : မင်းတို့မြို့မှာ​တော့​ ​ဆောက်​လုပ်​​ရေးသမား​တွေဆိုပြီးသတ်​သတ်​ရှိ​ပေမယ့်​ ဒီမှာကျအဲ့လိုမဟုတ်​ဘူးကွ။ အိမ်​တစ်​လုံး​ဆောက်​​တော့မယ်​ဆို အနီးနားမှာရှိတဲ့အိမ်​​တွေက လူငယ်​လူကြီး​တွေကသွားပြီးဝိုင်းကူကြတယ်​။ အိမ်​ရှင်​က​တော့ ​နေ့လည်​စာ ဘာညာပြန်​​ကျွေးတာ​ပေါ့။ ပြီး​တော့ ဒီမှာအိမ်​တစ်​လုံး​ပြီးဖို့ ၃ ၄ နှစ်​ကြာတယ်​ဆိုမင်းတို့ယုံလား?

Plan : ဒီတိုင်း ၁လ ၂လ နဲ့​ဆောက်​လို့ရတာပဲ ဦး​လေးရ။ ဘာလို့အဲ့​လောက်​​တောင်​ကြာတာလဲ

Pond : ပိုက်​ဆံစုကြရတာ​လေ။ ဒီနှစ်​အုတ်​မြစ်​ချထားတယ်​ဆို။ ​နောက်​နှစ်​စုထားတဲ့ပိုက်​ဆံနဲ့ အုတ်​​တွေပတ်​ကာတပ်​ ။ ​နောက်​တစ်​နှစ်​ကျ အမိုး​တွေဘာ​တွေတက်​ပြီးအ​ချောသတ်​ အဲ့လို​ပေါ့

Mean : ​သြော်​ နယ်​ဘက်​မှာ​နေရတာ လွယ်​​တော့မလွယ်​ဘူး​နော်​။ ​တော်​​တော်​များများ ကိုယ်​ထူကိုယ်​ထစနစ်​ဆို​တော့ ပင်​ပန်းလိုက်​တာ

Pond : ဟုတ်​တယ်​ကွ။ ဒါ​ပေမယ့်​လည်း အချင်းချင်းရိုင်းပင်းပြီး​နွေး​ထွေးတာကျ မြို့​ကြီး​တွေ​ပေါ်ကလူ​တွေမမှီဘူးကွ။ အာ..sorry မင်းတို့ကို​ပြောတာမဟုတ်​ပါဘူး

အချစ်နှင့်လက်တစ်ကမ်းအကွာ.... ( U+Z )Where stories live. Discover now