"မိကျော့်"
မာမီ အသံမာမာခေါ်သံအဆုံး..
"ရှင်"
သူမ ဆိုဖာပေါ် တုန်တုန်ယင်ယင်စကားသံနဲ့ထူးရင်းထိုင်ချလိုက်တယ်။မာမီကတော့ တစ်ကိုယ်လုံး ချွေးတွေပြန်ပြီး ဆိုဖာနဲ့ဖင်နဲ့ကပ်ချလို့ကိုမရသေး...
"ဟူး....
ညဉ်း လုပ်လိုက်ရင်း အခါတိုင်း...အခုများကြည့်
ငါ့မျက်နှာ....အဟွန်း ငါ့မျက်နှာဘယ်မှာသွားထားချရပါ့မလဲ ဟိုး ငပိန်စကားနဲ့လူကိုသတ်ခဲ့တယ်။ အဟွန်း. အဲ့ဒါညဉ်းကြောင့်"မာမီ ပြောပြောဆိုဆို ဆိုဖာခုံမှာထိုင်ချပြီး စားပွဲအလယ်မှရေသန့်ဗူးကိုလှမ်းယူကာ တစ်ငုံသောက်ချလိုက်တယ် ဆိုရင်ပဲ စကားဆက်တော့မယ်လေ
"ကဲ...မိကျော့် ပြောပါဦး၊ဘယ်သူမှမပြောပဲ ကားတစ်ယောက်တည်းစီးသွားရတဲ့အကြောင်းအရင်း..."
"မာမီ ကလည်းငေါက်ဖို့ပဲသိတယ်။"
သူမ မာမီကိုစကားပြန်ရင်း ဘောင်းဘီအိတ်ထဲက ဖုန်းကိုယူထုတ်တော့မယ် ပြင်တော့
"ဖုန်းကို ခုချက်ချင်း ပြန်သွင်းလိုက် မိကျော့်"
"ဖုန်းမနှိပ်ပါဘူး၊သူငယ်ချင်းဆီကို ကျောင်းကအိမ်စာတွေဘာတွေများပေးလိုက်သေးသလားလို့ လှမ်းမေးမို့ပါ။"
"အွန်းးးမိကျော့် မိကျော့် ညဉ်းအတန်းလဲပျက်တာကိုး"
ပေါ်ကုန်ပြီလေ။
"အဲ့က အဲ့လိုရှိတယ် မာမီရ"
"ဆင်ခြင်တွေ လျှောက်လျှောက်မပေးနဲ့တော့ ချစ်သမီး၊ညဉ်းကို ညဉ်းအဖေလက် အပ်ကိုအပ်မှဖြစ်တော့မယ်....အပ်ကိုအပ်ရမယ်။"
အဲလိုပြောကာ ထထွက်သွားသော မာမီ။
"မာမီ၊သမီး မလက်ခံဘူးနော်....မာမီ၊
Omma..."ဆိုဖာပေါ် ရုပ်ဖျက်ဆင်းပျက်ပုံစံလုပ်ကာ....ညှင်းဆဲနေတဲ့သူ ကျွန်မပါပဲ။
....
ကျွန်မနာမည် ကျော့ရှင်းမေ။ဟုတ်တယ်...
နာမည်နဲ့လိုက်အောင် ကျော့(ကြော့)ရှင်းကာ
လှပသူပါ။ကြွားဦးမယ် ကျွန်မဆိုတဲ့ ကျော့်ရှင်းမေက ကိုယ့်မေဂျာထဲမှာကိုမဟုတ် တစ်ကျောင်းလုံးသိတဲ့ အချေမယ်မိကျော့် Queen ပါ။
အိမ်ကလူတွေနဲ့ခင်မင်ရင်းနှီးသူတိုင်းက မိကျော့်
လို့ခေါ်ကြတယ်။သူဌေး နွယ်ဝင်များဖြစ်ပြီး၊ဒယ်ဒီ
ဆိုရင်ဖြင့် ကုပ္ပဏီသုံးခုကိုပိုင်ဆိုင်အုပ်ချုပ်ပြီး၊တခြားရှယ်ယာဝင်လုပ်ငန်းတွေလည်းတစ်ချို့ရှိတာ၊
ကုပ္ပဏီအပြင် ဟိုတစ်စ၊ဒီတစ်စ ဖွင့်လှစ်ထားတဲ့ ဆိုင်တွေလဲရှိပါသေးတယ်။ကျော့် မှာအစ်ကိုတစ်ယောက်ရှိသေးတယ်လေ။ဒယ်ဒီက အစ်ကိုကိုလုပ်ငန်းမွှေစုတစ်ဝက်ခွဲပေးထားတာ။ကျော့် ကိုလဲအမြဲပြောသည်"သမီး ဒယ်ဒီလုပ်ငန်းအမွှေစုဖြင့်လက်ခံ...မလက်ခံရင်တော့ ဒယ်ဒီအိမ်ထောင်မြန်မြန်ချရလိုက်မယ်"တဲ့လေ ခုလိုငယ်စဉ်နုပျိုတဲ့ဘဝလေးကိုလွှတ်လွှတ်လပ်လပ်လျှောက်လှမ်းချင်သေးတာ။ဒါပေမဲ့ ဒယ်ဒီအမွှေပေးမဲအလုပ်တွေကိုလဲ မလုပ်ချင်...တစ်ခါ ခါအဲဒီအတွေးဝင်လာတိုင်းရူးပစ်လိုက်ချင်တာ အမှန်ပါ။
YOU ARE READING
မာနခဲလေးမို့ 💋
Short Storynormal fic လေးဖြစ်ပါတယ်။ အက်storyလေးကိုတော့...wp ကော fb ၌ပါ တပြိုင်တည်းတင်ဆက်ပါမည်။