🍃Part 2🍃

754 110 2
                                    

နေမြင့်နေတာကိုသိပေမဲ့လဲ Jeon Jungkook
တို့အိပ်ယာပေါ်ကမထနိုင်သေး...

"အဲ့အနှီကောင်လေးနဲ့ရင်းနှီးအောင်ဘယ်လိုလုပ်ယူရမလဲ..."

အိမ်မက်ထဲမှာသူလေးကကျွန်တော့်ဘေးမှာထိုင်းပြီး စတော်ဘယ်ရီကိတ်လေးစားနေတာ...ပီးတော့ခရင်မ်
လေးတွေပေနေတဲ့ သူ့နှုတ်ခမ်းလေးနဲ့ကျွန်တော့်ကို
အဟိ ကျွန်တော်ကို....နမ်းလိုက်မှာပေါ့ဗျာ...
မနမ်းခင်အိမ်မက်ကနေနိုးလာတာ ဟင်း....
နှမြောလိုက်တာ...ဒီနေ့တော့စကားသွားပြောဖြစ်
အောင်ပြောရမယ်...

"ဘယ်လိုစကားသွားပြီးစပြောရမလဲ.."

ကျွန်တော်သူ့ကိုသိလာတာကြာပြီလေ...ခုဆို၃လတောက်ပြည့်တော့မပေါ့...နာမည်လေးတော့သိအောင်
လုပ်ရမယ်...

ဒီနေ့ကစနေနေ့...တနည်းအားဖြင့်ကျွန်တော့်ရဲ့အားလပ်ရပ်...
ကျွန်တော်ကphotographerဆိုတော့ဓာတ်ပုံခေါ်
ရိုက်တဲ့သူရှိမှအလုပ်ရှိတယ်လို့်ပြောရမှာ...
professional ဆိုတော့ ဓာတ်ပုံခေါ်ရိုက်ကြတာ
များပါတယ်...ဒါပေမဲ့ ကျွန်တော့စိတ်ထဲအမြဲအားနေ
သလိုပဲ...
Appaတို့ပိုင်တဲ့ Jeons' company ကိုလဲစိတ်
မဝင်စားလို့ မျက်စောင်းတောင်လှည့်မထိုးဖြစ် . . .

Appaတို့ကလဲLas Vegas ကိုရောက်တော့ ကျွန်တော်တယောက်ထဲဖြစ်နေတာပေါ့လေ...
ပျင်းပျင်းနဲ့ Caramel Love ဆိုင်ဆီကိုထွက်လာခဲ့တယ်...ပျင်းပျင်းနဲ့အကြံလေးနဲ့
...

ထူးထူးခြားခြား ဒီတခေါက်လာတော့ဟိုကောင်လေးကိုမတွေ့ဘူးဗျ...
နာရီကိုငုံ့ကြည့်လိုက်တော့ ၁နာရီတောင်မထိုးသေးပါလား အော်ငါစောနေတာကိုး...
ထုံးစံအတိုင်း Americano ၁ခွက်မှာပြီး ယူလာတဲ့ Cameraအသေးလေးတစ်ခုကို ကလိ နေမိတယ်...
စနေနေ့ဖြစ်နေလို့ထင်တယ် ခါတိုင်းဆိုအေးအေးလူလူနဲ့လူအရမ်းမများတဲ့cafeလေးကလူတွေပြည့်နေပါရော. . .
မျက်လုံးကစူးစူးစမ်းစမ်းနဲ့ဟိုကောင်လေးကိုရှာကြည့်တော့သူထိုင်နေကြနေရာမှာအခြားသူဖြစ်နေတယ်
အနားမှာကိုယ့်ကိုခေါ်သံကြားလိုက်မိလို့လှည့်လဲကြည့်လိုက်မိရော...

အဲ့အနှီကောင်လေး...

အမယ်....ကျွန်တော့်ကိုမကျေနပ်တဲ့အကြည့်နဲ့လာ
ကြည့်နေတာပဲ...
မသိရင်ကျွန်တော်ကပဲသူထိုင်နေကြနေရာကိုလုထားသလိုလို??
သို့သော်လည်း ကျွန်တော့်မျက်လုံးထဲမှာ ကလေးပေါက်စလေးလိုပင်...အူယားစရာလေး...

Bʏ Vᴀɴᴛᴇ🍃 《тaeĸooĸ》Where stories live. Discover now