🍃Part 3🍃

551 96 9
                                    

~ Oh my my my Oh my my my ~

ဝါး........

ဟင်!! ၉နာရီ?
အမလေး   ငါဘယ်တုန်းက၉နာရီထဖူးလို့လဲ... ကျောင်းပိတ်ရက်လဲ ၇နာရီထတာကို...
မနေ့ကဟိုလူကြီးအကြောင်းတွေးပြီးနှိုးစက်ပေးတာမှားသွားတာဖြစ်မယ်

"ဟွန့် ဘယ်လိုလူကြီးမှန်းမသိဘူး
ရယ်လိုက်ရင်ချစ်စရာကြီး  အယ်  မဟုတ်ပါဘူး
မုန်းစရာကြီး...
Kim Taehyungကမိန်းကလေးတွေပဲ
စိတ်ဝင်စားတာ
အဲ့လူကြီးကအရမ်းချောနေလို့ မျက်လုံးထဲပေါ်ပေါ်
လာတာ  ဒါပါပဲ...ဟုတ်တယ် ဒါပဲ
ရင်ခုန်တာလဲမဟုတ်ဘူး နေရာမရမှာဆိုးလို့ပြေးလာတော့ မောပီးရင်တုန်တာ..."

"မနေ့ကအဝတ်တွေလျှော်နေလို့ Cafeသွားတာနောက်ကျပြီး ငါ့နေရာပျောက်တယ်
ဒီနေ့တော့စောစောသွားမယ်..."

ရေမိုးချိုးပြီး ကိုယ်လုံးပေါ်မှန်ရှေ့မှာ ကိုယ့်ကိုကိုယ်
ကြည့်မိတယ်...
သိပ်ကိုကြည့်ကောင်းတဲ့ကျွန်တော်ပါလား...
အရမ်းကိုယောက်ျားပီသလွန်းလို့ ကျောင်းက ဂျုဂျုး
လေးတွေ နဲ့ စီနီယာမမတွေပါမကျန် အကုန်လုံးက
ကျွန်တော်မှကျွန်တော်ဖြစ်နေကြတာလေ...

~I can make it right~ All right~

ကိုယ့်ကိုကိုယ်အမွန်းတင်နေတုန်း ဖုန်းဝင်လာလို့
ကြည့်မိတော့ Contact name က *ပဲပုကောင်*

"အေး...ပြော"

"အဟင့်  ထွယ်ထွယ်လေးရေ အဟင့် ဗြဲ..."

အမလေး အပုကောင်ရဲ့ အသံပြဲလန်နေရောပဲ
ကျက်သရေတွေအဖြာဖြာကိုတုန်းတဲ့အကောင်
သေချာတယ် သူ့အဘိုးကြီးနဲ့ကိစ္စပဲဖြစ်မာ...

"ဘာဖြစ်ပြန်ပြီတုန်း မင်းအဘိုးကြီးနဲ့"

"အဲ့ အဘိုးကြီးပေါ့ ပြောတော့ငါ့ကိုချစ်တယ်ဆိုပြီး
အခုတော့ အစစ်မတစ်ယောက်နဲ့ကွာ ဗြဲဟဲဟဲ... ထွယ်ထွယ်လေးရယ် ငါရင်တေနာလိုက်တာကွာ
အီးဟီး....အဘိုးကြီးစုတ် အီးဟီး..."

"မင်းအထင်လွဲတာဖြစ်မာပါကွာ အမြဲတမ်းလဲမင်းလွဲနေတာပဲ မင်းကြောင့်လဲသူ့မာ
ပြောင်းလိုက်ရတဲ့အတွင်းရေးမှူးဆိုတာ လက်ချိုးရေရင်တောင် လက်၁၀ချောင်းကလောက်မာမဟုတ်ဘူး
အခုကဘလိုဖြစ်တာလဲသေချာပြောပြ..."

Bʏ Vᴀɴᴛᴇ🍃 《тaeĸooĸ》Where stories live. Discover now