Zawgyi
Oh Sehun ဆိုတာ ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော်စာရေးဆရာတွေထဲက တစ်ယောက်ဖြစ်သည်။ သူ့ဝတ္ထုတွေက သိပ်ရောင်းအားကောင်းပေမယ့် ဇာတ်ကားရိုက်ဖို့ လက်ခံလာတာကတော့ လွန်ခဲ့တဲ့ နှစ်ပိုင်းကလေးကမှပင်။ အခုဆို သူ့ဝတ္ထုကိုပြန်ရိုက်ထားတဲ့ ဇာတ်ကားနှစ်ခုက သိပ်ကိုနာမည်ကြီးစာရင်းဝင်သွားခဲ့သေး၏။
အင်တာဗျူးတွေ တိုက်ရိုက်လက်ခံပြီးဖြေလေ့မရှိတဲ့ စာရေးဆရာ Oh Sehun ဟာ သူ့ရဲ့ပုံနှိပ်တိုက်က အတင်းတိုက်တွန်းမှုကြောင့် အင်တာဗျူးတစ်ခုလာမေးဖို့ကိုတော့ လက်ခံလိုက်ရသည်။
"Hyung ကြောင့်နော် "
"အေးပါကွာ..အခုက ငါလည်း ငြင်းလို့မဖြစ်တဲ့ လူမို့လို့ လက်ခံလိုက်ရတာပါကွာ..ဒီတစ်ခါဘဲ..ဒီတစ်ခါလေးဘဲ ဖြေပေး..ဟုတ်ပြီလား? "
အင်တာဗျူးချင်လို့ဆိုပြီး ဇွတ်လာတောင်းဆိုတဲ့ သတင်းထောက်က Hyung ရဲ့ပုံနှိပ်တိုက်ကို ရှယ်ယာဝင်မယ့် စီးပွားရှင်ရဲ့ သားဆိုလားပါဘဲ။ ငြင်းလိုက်ရင် ရှယ်ယာရှင်လောင်းဖြစ်တဲ့အဖေနဲ့ မျက်နှာပျက်မှာစိုးလေတော့ Hyung က သူ့ကို အတင်း အင်တာဗျူးစေ၏။
ကြိုစောင့်နေပြီဆိုတဲ့ စကားကြောင့် အင်တာဗျူးမေးမယ့်အခန်းကို Hyung နှင့်အတူ Sehun လိုက်လာခဲ့သည်။ မှန်တံခါးရဲ့အပြင်ကနေ မြင်လိုက်ရတာတော့ ခပ်ငယ်ငယ်ကောင်လေးတစ်ယောက်လို့ထင်ရသည်။ အဖြူရောင်ရှပ်အင်္ကျီနှင့်စတိုင်ပန့်အနက်တို့ကို ဝတ်ထားပြီး Noteစာအုပ်သေးသေးလေးထဲ တစ်ခုခုရေးနေ၏။
"LuHan shii စောင့်နေရတာ အရမ်းကြာသွားလား? "
"မကြာပါဘူးခင်ဗျ "
Hyung နှင့် လက်ဆွဲနှုတ်ဆက်နေသော ကောင်လေးသည် နောက်မှ ပါလာသော Sehun ကို မြင်သွားပြီး ချက်ချင်း ခါးကိုညွတ်ကာ မိတ်ဆက်သည်။
"အာ..မင်္ဂလာပါ ဆရာOh ။ကျနော်က LuHan လို့ခေါ်ပါတယ် ဆရာ့ကိုဗျူးဖို့တောင်းဆိုထားတာ ကျနော်ပါ တွေ့ရတာဝမ်းသာပါတယ် "
YOU ARE READING
အဖြူရောင်ချစ်သူ
Short StoryOh Sehun ♡ LuHan Short Story From "Everlasting Maple" Fiction Book 🍁