Zawgyi
ကော်ဖီတွေက အေးစက်နေပြီ။
ရှေ့မှကောင်လေးက အံ့သြလို့ကောင်းဆဲ။"ဒါဆို သူက ဝတ္ထုထဲကအတိုင်းဆိုရင် အရုပ်ကြီးထဲရောက်နေတဲ့ ဝိညာဉ်ကောင်လေးပေါ့! "
" ဟုတ်တယ် "
"ဆရာက အရင်ကတည်းက ဝိညာဉ်တွေကို မြင်ရတာလား? "
"မမြင်ရပါဘူး..ကိုယ် သူ့တစ်ယောက်တည်းကိုဘဲ မြင်ရတာ "
နှုတ်ခမ်းလေးဝိုင်းလျက် ခေါင်းတငြိမ့်ငြိမ့်ပြုနေသောကောင်လေး ကို Sehun က မေးခွန်းပြန်ထုတ်လိုက်သည်။
"ဒီနေ့ရဲ့ အင်တာဗျူးက ကိုယ့်အကြောင်းသိချင်လို့မဟုတ်ဘဲ..အဖြူရောင်ချစ်သူ အကြောင်းကို သိချင်လို့ထင်တယ်နော် "
ကောင်လေး က ဂုတ်ပုသွားကာ သွားဖြီးပြ၏။
"ဆရာ့အကြောင်းလည်း သိချင်တာရှိတယ် "
"မေးပါ "
"ချစ်သူ ဒါမှမဟုတ် ရည်ရွယ်ထားတဲ့လူရှိလား? "
သိချင်စိတ်ကြောင့် ကောင်လေးရဲ့ မျက်လုံးလေးတွေက တလက်လက်ထနေသည်။ နှုတ်ခမ်းလေးက ကွေးရုံပြုံးနေပြီး Sehun ကို တန်းတန်းမတ်မတ်ငေးစိုက်ကြည့်နေသည်။ Sehun က မဖြေဘဲ ကောင်လေးရဲ့ မျက်ဝန်းတွေကိုဘဲ နင့်နင့်နဲနဲကြည့်နေမိတော့ အနေရခက်သွားတဲ့ကောင်လေးက ခေါင်းကိုငုံ့ကာ မေးခွန်းပြောင်းလေ၏။
"ဒါက ဖြေရခက်ရင် အဖြူရောင်ချစ်သူအကြောင်း ဆက်ပြောပြပါလား ဆရာ "
"အဖြူရောင်ချစ်သူအကြောင်း? "
___
ဆေးရုံက ခွဲစိတ်ခန်းဝင်ခါနီးလူနာတွေဝတ်သလို နောက်ကျောခွဲထား ပြီး ဒူးဖုံးထိရှည်သော ဝတ်စုံဖြင့် ထိုဖြူလွလွ ကလေးကိုကြည့်ရတာ Sehun တကယ်ကျောချမ်းမိသည်။
အဲ့တာကြောင့် သူပြောသည့်အတိုင်း Sehun က သူ့အတွက်ရည်စူးပါသည်ဟု ဆန္ဒပြုရင်း ရှပ်အင်္ကျီတစ်ထည်နှင့်စတိုင်ပန့်တစ်ထည်ကို မီးရှို့ ပြာချပေးလိုက်တော့ ထိုကလေးရဲ့ခန္တာကိုယ်မှာ Sehun မီးရှို့ လိုက်သော အဝတ်တွေရောက်သွားသည်။ သို့သော် ဘောင်းဘီက ပါမလာ။
YOU ARE READING
အဖြူရောင်ချစ်သူ
Short StoryOh Sehun ♡ LuHan Short Story From "Everlasting Maple" Fiction Book 🍁