Zawgyi
သူ့မိဘတွေကိုရှာပေးမယ်လို့ Sehun ပြောခဲ့ပေမယ့် တကယ်တမ်း ဒီ ဝိညာဉ်ဖြူလေးရဲ့ နာမည်ကိုတောင် မသိဘဲ Sehun ဘာသတင်းအချက်အလက်ကိုမှ မရှာနိုင်ခဲ့ပါ။ နောက်ပြီး တကယ်လို့ ရှာတွေ့ခဲ့ရင်ရော လောကမှာမရှိတော့တဲ့ ဒီကလေးအကြောင်းကို သူ့မိသားစုကိုပြန်ပြောပြီး တဖန်ဝမ်းနည်းခိုင်းရမှာလား။
ဒါပေမယ့် ကလေးငယ်ကို သူ့နာမည်သူသိပြီး သူ့မှာ ဘယ်လိုမိသားစုဝင်တွေရှိခဲ့တယ်ဆိုတာလေးတော့ သိသွားစေချင်တာ Sehun ရဲ့ ဆန္ဒဖြစ်သည်။ Sehun ကသာ အဲ့လိုဆန္ဒရှိနေတာဆိုပေမယ့် အတူရှိနေတဲ့ ဝိညာဉ်လေးကတော့ အပူမရှိပါလေ။
တစ်နေ့တစ်နေ့ Sehun ရဲ့အနားမှာ ကပ်နေမယ်။ Sehun တစ်ခုခုစားတိုင်း သူစားချင်လို့ဆိုပြီး ပူစာမယ်။ အဲ့လိုအခါတိုင်း Sehun က အစားအသောက်တွေကို သူ့အတွက်ဆိုပြီး မီးရှို့ ပေးရသေးတယ်။ Sehun ရေချိုးနေရင် အတားအဆီးမမှုတဲ့ခန္တာကိုယ်လေးနဲ့ ခိုးဝင်လာပြီး Sehun ကို စမယ်။ ရှက်ပြီး အော်လွှတ်တတ်တဲ့ Sehun ကို လက်ညှိုးလေးကွေး၊ လျှာလေးထုတ်ပြောင်ပြီး သရော်မယ်။
Sehun အပြင်သွားရင် နောက်ကနေဇွတ်လိုက်လာမယ်။ အဝတ်အစားလှလှတွေ တွေ့ရင် နားနားကပ်ပြီး ဝယ်ပေးဖို့ တတွတ်တွတ်ပြောမယ်။ ဝယ်ပြီးရင် မီးရှို့ ပစ်ရတာကို နှမြောတဲ့ Sehun က ဝယ်မပေးတဲ့အခါ နှုတ်ခမ်းကိုဆူကာ ခြေကိုဆောင့်ပြီး သိပ်ချစ်ဖို့ကောင်းအောင်လုပ်ပြပါသေးတယ်။
တစ်ခါတစ်ခါ Supermarketမှာ ဈေးဝယ်သွားကြရင် သူက တွန်းလှည်းထဲမှာ ဝင်ထိုင်ပြီးလိုက်မယ်။စားချင်သမျှကို လက်ညှိုးထိုးပြီး ဝယ်ခိုင်းမယ်။ သူနှင့်အပြန်အလှန်စကားပြန်ပြောမိတဲ့အခါ ဈေးဝယ်တချို့က Sehun ကို စိတ်မနှံ့သူဟုထင်မှတ်ကာ လှည့်ကြည့်လှည့်ကြည့်လုပ်သွားကြပါသေးတယ်။
ညဘက်အိပ်ချိန်ဆို အရုပ်ကြီးထဲဝင်သွားတဲ့ အဲ့ဒီဝိညာဉ်လေးက Sehun နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပြီဆိုမှ ထွက်လာကာ Sehun ရဲ့အနားမှာ ထိုင်ကြည့်နေတတ်တယ်။ တစ်ခါတစ်ခါ Sehun ညဖက်တရေးနိုးရင် ဖက်ထားမိတဲ့ အရုပ်ကြီး အစား အဲ့ဒီဝိညာဉ်ဖြူလေးရဲ့ကိုယ်လုံးသေးသေးလေးကို ရင်ခွင်ထဲမှာ တွေ့ရတတ်တယ်။ အဲ့လိုအချိန်တိုင်း Sehun လည်း မသိချင်ယောင်ဆောင်ကာ ခပ်တင်းတင်းဖက်ထားပစ်လိုက်တယ်။
YOU ARE READING
အဖြူရောင်ချစ်သူ
Short StoryOh Sehun ♡ LuHan Short Story From "Everlasting Maple" Fiction Book 🍁