Part > 1

3.2K 238 25
                                    


ပတ်ဝန်းကျင်တစ်ခုလုံး အုံ့မှိုင်းကာရှိနေလျက် မိုးကလည်းတဖြောက်ဖြောက်နဲ့ ရွာလို့ကောင်းနေဆဲ ...
မိုးရွာတာကို မကြိုက်တဲ့သူတွေကတော့ ရာသီဥတုဆိုးရွားလိုက်တာလို့ တွေးကောင်းတွေးနေကြလိမ့်မည်။
အမှန်တော့ ကော်ဖီတစ်ခွက်၊ စာအုပ်တစ်အုပ်သာရှိရင်
ဘယ်လောက်ဇိမ်ကျဖို့ ကောင်းလိုက်သလဲ ...။

အတွေးနဲ့အတူ ပျင်းကြောဆွဲပြီး လူကလည်း စောင်ပုံထဲကနေမထချင်သေးဘူး။ အိပ်ယာဘေးရှိ စားပွဲပေါ်က နာရီကို လှည့်ကြည့်မိတော့
အချိန်က 8 နာရီရှိပြီ။ ပျက်လို့မရတဲ့ အတန်းချိန်ရှိနေတာကြောင့် ကျောင်းကိုတော့သွားရဦးမည်..။
ကုတင်ပေါ်က ထထိုင်လိုက်တော့ မိုးရွာသံတွေကြားထဲမှ
ကားဟွန်းတီးသံကို ကြားဖြစ်အောင် ကြားလိုက်သေးသည်။

ထူးထူးဆန်းဆန်း ဒီနေ့မှ အစောကြီးရောက်လာလို့ပါလား ..။

အစကတော့ ထတော့မလို့လုပ်နေတာဘဲ .. မကြာခင်အခန်းထဲဝင်လာတော့မည့် လူတစ်ယောက်ကြောင့်
မွေ့ယာပေါ် ပြန်လှဲကာအိပ်ချင်ယောင်ဆောင် နေလိုက်၏
မကြာပါဘူး .. တံခါးဖွင့်သံနဲ့အတူ ခြေသံတွေကလည်း နီးလာပြီး တစ်ကိုယ်လုံးလည်း တက်ဖိခံလိုက်ရတယ် ။

" ဇိမ်ယူမနေနဲ့ ထပါတော့ ... "

" လေးတယ်လို့ ... ဖယ်စမ်းပါ! ဂျီမင်ရာ ငါအိပ်နေတာကို "

စောင်ခေါင်းမြီးခြုံထားတာကို ဆွဲဖယ်လိုက်ရင်း ခေါင်းကိုအသာမော့ကြည့်တော့ ရင်ဘတ်ပေါ်မျက်နှာအပ်ရင်း
မျက်လုံးမှိတ်ကာ ငြိမ်နေတဲ့ ဂျီမင်။ ကျွန်တော့်စကားကို အဖက်တောင်မလုပ် ...။

သူသဘောကျတဲ့အတိုင်း ငြိမ်နေပေးလို့ကတော့ ကျောင်းနောက်ကျတော့မည်မှာ အမှန်ပင်။ သူ့ကိုကြည့်လိုက်တော့ အမြဲတမ်း ရှိုးအပြည့်နဲ့ ဖက်ရှင်ကျနေတာနေချည်းပဲ ...။
သေချာဖီးလိမ်းထားတဲ့ ဆံပင်ကို အမြင်ကပ်ကပ်နဲ့ပဲ ဆွဲဖွပေးလိုက်တော့ ကျွန်တော့်ပေါ်က ကုန်းရုန်းထလာပြီး
အသံကျယ်နဲ့ ထအော်တော့တယ်။

" Yarrr! ထယ်ယောင်း ... ငါ့ဆံပင်ကို မဖွပါနဲ့ဆို "

ပဲများကောင်။ သူ့ရှိုးပျက်မှာကျတော့ အသေကြောက်တာ
ကျွန်တော်ကလည်း သူမကြိုက်ဘူးဆို အဲသလို လုပ်လိုက်ရမှာ ကျေနပ်တာကြောင့် ...

Under The Friend Zone  Where stories live. Discover now