Part > 2

1.8K 193 4
                                    

" ထယ်ယောင်းရေ... နံပါတ် 12 ကို Lattle နဲ့ Espresso "

စားပွဲထိုးက အနားလာပြောတော့ ထပ်ဖျော်ဖို့ရာ လုပ်လိုက်တယ်။
ညနေအတန်းပြီးကတည်းက အခုထိကောင်းကောင်းမနားရဘူး။ မိုးအေးနေလို့လား မပြောတတ် ညနေတုန်းက ဆိုင်မှာလူအတော်ကျနေသည်။
လက်ကနာရီကို ကြည့်မိတော့ 7 ခွဲတော့မှာပဲ။
လူကလဲ အခုတော့ကျဲသွားပြီ။ အချိန်ပိုင်းကလည်း ပြည့်ပြီဆိုတော့ ပြန်ဖို့ရာပြင်ဆင်လိုက်တယ်။

" ပင်ပန်းသွားပြီလား ထယ်ယောင်း... မင်းလည်း ညနေကတည်းက လက်ကိုမလည်ရဘူး "

" အဲဒီလောက်လည်း မဟုတ်ပါဘူး....
ပြန်ကြရအောင်လေ အစ်ကို နမ်ဂျွန် "

" အင်း...ပြန်မယ်လေ "

အဝတ်လဲခန်းထဲမှာ ဆိုင်ကအဝတ်တွေ လဲပြီးတော့ အတူပြန်ဖို့ပြောလိုက်တယ်။ ပြောမယ့်သာပြောရတာ ကော်ဖီဆိုင်ကနေ 15 မိနစ်လောက် လမ်းအတူလျှောက်ပြီးရင် သူ့လမ်း ကိုယ့်လမ်း တခြားစီပင်။ ဒီအချိန်ပိုင်းအလုပ်မှ
အစ်ကိုနမ်ဂျွန်နဲ့ ခင်ကြတာဆိုပေမဲ့ ကျောင်းလည်းအတူတူပင်။ အမှန်တော့ အစ်ကိုနမ်ဂျွန်ရဲ့ နာမည်ကို ဒုတိယနှစ်ကတည်းက အစ်ကိုဆော့ဂျင်ဆီကနေ
ခဏခဏကြားဖူးနေပြီးသား...။

လမ်းမှာ ဂိမ်းဆော့လာတဲ့ အစ်ကိုနမ်ဂျွန်နဲ့ စကားမပြောဖြစ်ဘဲ နူတ်ဆက်ပြီး လမ်းခွဲလိုက်တယ်။
လမ်းလျှောက်ပြန်လို့ရပေမဲ့ မေမေကစိတ်ပူတတ်တာကြောင့်
အိမ်မြန်မြန်ရောက်အောင် ဘတ်စကားပဲစီးဖြစ်သည်။

အခုမှသတိရတယ် ဟိုအကောင် ဂျီမင်။ တစ်နေ့ကုန် ဖုန်းခေါ်ထားတာကို ကျွန်တော့်ကို မဆက်သွယ်လာဘူး။ ငယ်ငယ်တုန်းက ကျွန်တော် စိတ်ဆိုးရင် မှားမှားမှန်မှန် သူကပဲ ပြန်ချော့တာ။ အခုတော့ ဝဋ်လည်ပြီထင်တယ်
ဘာကိုစိတ်ဆိုးသွားမှန်းမသိ။ ကျွန်တော်လည်း ဂျီမင်တစ်ခုခုဖြစ်နေရင် မနေတတ်ဘူး။

ရပ်ကွက်ရှေ့ရောက်တော့ ကားပေါ်ကဆင်းလိုက်ရင်း ခပ်သွက်သွက်လျှောက်လိုက်တယ်။ အိမ်ရောက်လို့ တံခါးဖွင့်ပြီးဝင်လိုက်တော့ ဧည့်ခန်းမှာ တီဗွီထိုင်ကြည့်နေတဲ့
မေမေ။

" မေမေ...ထမင်းစားပြီးပြီလား "

" သားကို စောင့်နေတာ "

Under The Friend Zone  Where stories live. Discover now