" ထယ်ယောင်းရေ ဒီကိုလာပါဦးဟ! မေးစရာရှိလို့ "
ဂျီမင်က ကိစ္စွရှိလို့ ဒီနေ့သူလာမကြိုနိုင်ကြောင်း ဖုန်းဆက်ပြောထားတာကြောင့် ကျောင်းသို့ အစောကြီးထွက်လာခဲ့လိုက်တယ်။
တစ်ယောက်ထဲ ဟိုငေးဒီငေးနဲ့လျှောက်လာစဉ်၌ ခပ်လှမ်းလှမ်းက ခုံမှာထိုင်နေတဲ့ အစ်ကိုဆော့ဂျင်က
ထိုင်နေရာကနေလှမ်းအော်လာတာကြောင့် ခြေလှမ်းတွေက
အဲဒီဘက်ကို ဦးတည်လိုက်တယ်။" ဘာမေးစရာရှိနေလို့လဲ အစ်ကိုဆော့ဂျင် "
လွယ်ထားတဲ့ backpack ကိုပေါင်ပေါ်တင်ရင်း
အနားမှာဝင်ထိုင်လိုက်တယ်။
မျက်နှာကိုကြည့်တော့လည်း မသာမယာနဲ့ ဘာများဖြစ်နေလို့လဲ မသိ။" နမ်ဂျွန် မင်းတို့အလုပ်ကို လာတယ်မလား "
" ဘာဖြစ်လို့လဲ "
" မနေ့က ကျောင်းကိုမလာဘူးလေ အလုပ်ကိုလည်းမလာရင်
နေမကောင်းများဖြစ်နေတာလား သိချင်လို့ "လက်စသတ်တော့ အစ်ကိုဆော့ဂျင်က သူ့ crushကြီးကို
စိုးရိမ်နေတာကိုး။
စာတော်တဲ့အစ်ကိုနမ်ဂျွန်က ကျောင်းပျက်လေ့ရှိပုံမရတော့ တစ်ရက်လေးကျောင်းမလာတာနဲ့ မတွေ့ရလို့ မျက်နှာကမိုးပြိုတော့မယ့်အတိုင်း ...။" သိချင်ရင် ကိုယ်တိုင်သွားမေးလိုက်ပါလား ...
အခန်းလည်း တူနေတာကို "" လာတယ်၊ မလာဘူးပြောရုံကို ကပ်သပ်နေရလား ...
ငါနဲ့က အဲဒီလောက်မရင်းနှီးသေးလို့ သွားမေးလို့ဘယ်ကောင်းပါ့မလဲ ကင်မ်ထယ်ယောင်းရဲ့ "လက်သီးဆုပ်ပြီး ခေါင်းကိုရွယ်ကာပြောလာသော အစ်ကိုဆော့ဂျင်ရဲ့ စကားကြောင့် ရယ်ကျဲကျဲလုပ်ရင်း
အလျင်အမြန်ရှောင်လိုက်ရသည်။ မဟုတ်ရင် ခေါင်းက ကြယ်တွေလတွေမြင်သွားနိုင်တယ်လေ ...။" အစ်ကိုဆော့ဂျင်ကလည်း စိတ်ချည်းပဲ ...
ဟိုမှာ လာနေပြီ လှမ်းခေါ်ပေးမယ် "" .... "
" အစ် ကို နမ် ဂျွန် ... ဒီကို ခဏလောက် "
" Yarr! ... ဘာလုပ်တာလဲ "
ကျွန်တော့်ကို တံတောင်နဲ့တွတ်ကာ အသံခပ်ကြိတ်ကြိတ်ပြောပြီး ထွက်ပြေးဖို့ပြင်နေတဲ့ အစ်ကိုဆော့ဂျင်ရဲ့လက်ကို လှမ်းဆွဲထားရသည်။ တကယ်ပါပဲ ကြိုက်လည်းကြိုက်နေတာကို ရှောင်ပြေးဖို့လုပ်နေသေးတယ်။
ရှေ့မှာမြင်နေရတဲ့ အစ်ကိုနမ်ဂျွန်ကလည်း ကျွန်တော်ကလက်လှမ်းပြပြီးခေါ်လိုက်တော့
အတူပါလာတဲ့သူငယ်ချင်းကို နူတ်ဆက်ပြီး
ကျွန်တော်တို့ဆီကို လျှောက်လာတယ်။" ဘာကိစ္စရှိလို့လဲ ထယ်ယောင်း "
ထုံးစံအတိုင်း အစ်ကိုနမ်ဂျွန်က ပါးချိုင့်တွေပေါ်အောင်
ကျွန်တော်တို့ကို ပြုံးပြပြီး ခုံတန်းပေါ်ဝင်ထိုင်တယ်။" မနက်စာ စားပြီးပြီလား အစ်ကို "
" မစားလာရဘူး ... အခုပဲ ကန်တင်းသွားမလို့လုပ်နေတာ
ဘာလို့လဲ ... "" ဟာ ! ဒါဆိုအတော်ပဲ ... ဒီက အစ်ကိုဆော့ဂျင်နဲ့အတူတူ
သွားစားလိုက်ကြပါလား
ဒါနဲ့ နှစ်ယောက်သား သိကြတယ်မဟုတ်လား "ထယ်ယောင်းက သိတယ်မဟုတ်လားလို့ မေးလိုက်တော့ နမ်ဂျွန်ရဲ့အကြည့်တွေက ဆော့ဂျင်ထံကိုရောက်သွားသည်။
စိတ်လှုပ်ရှားနေပုံရတဲ့ ဆော့ဂျင်ရဲ့ မျက်လုံးတွေဟာလည်း ဂနာမငြိမ်ဖြစ်နေလေတယ်။" အင်း ... အခန်းလည်းအတူတူပဲကို စကားလည်းပြောဖူးတာပဲ ... သိတာပေါ့ "
" ဒါဆို ကျွန်တော်က စားလာပြီးပြီမို့
မလိုက်တော့ဘူးနော် အစ်ကိုဆော့ဂျင် ... ပြီးတော့ ဂျီမင်ကိုလည်းစောင့်ရဦးမှာမလို့ "အလည်မှာထိုင်နေတဲ့ ကျွန်တော်က အခုထိဘာမှဝင်မပြောသေးတဲ့ အစ်ကိုဆော့ဂျင်ဖက်သို့လှည့်ကာ တစ်ခုခုပြန်ပြောဖို့ ခါးကိုတို့ပြီး သတိပေးလိုက်ရသည်။
ထိုအခါမှ ...." ဟမ် ... အ..အင်း ထယ်ယောင်းလည်း မအားဘူးဆိုလို့ ငါလည်းတစ်ယောက်ထဲ စားရမှာပျင်းလို့လေ ...
နမ်ဂျွန်! မင်း အဆင်ပြေမှပါ "" အဆင်ပြေပါတယ် ...သွားရအောင်လေ ဆော့ဂျင်
ကိုယ် ဝယ်ကျွေးပါ့မယ် "" ရပါတယ် ... အားနာဖို့ကောင်းအောင် "
အစ်ကိုနမ်ဂျွန်ကလည်း ကိုယ်ဝယ်ကျွေးပါ့မယ်တဲ့ ဘယ်လိုတွေပြောချလိုက်တာလဲ။ အစ်ကိုဆော့ဂျင်ကလည်း
ဂုတ်ကိုပွတ်ရင်း ပါးစပ်ကတော့ အားနာတယ်ပြောနေတာ
အစားအသောက်ဆိုတာနဲ့ ဖျတ်ဖျတ်လူးနေမှာ မြင်ယောင်သေးတယ်။ထွက်သွားတဲ့နှစ်ယောက်ကို မျက်စိတဆုံးလိုက်ကြည့်တော့
ရှေ့ကသွားနေတဲ့ အစ်ကိုနမ်ဂျွန်မသိအောင်နောက်လှည့်ပြီး ကျွန်တော့်ကို အသည်းပုံလုပ်ပြရတာနဲ့ ဘာနဲ့
ပျော်မြူးနေသော အစ်ကိုဆော့ဂျင်ပါလေ .....။နှစ်တစ်သောင်း update 😂
တိုတယ် သိတယ်
ဆက်မရေးအားသေးလို့ တောင်းပန်ပါတယ်😢Thanks for reading 💜