"ဘူဆန် မြို့ တွင် ယမန်နေ့ည က တိုက်ခတ်ခဲ့သော လေပြင်းကြောင့် ငါးဖမ်းသမား တစ်ဦးသေဆုံးခဲ့ပါတယ် "
"သနားပါတယ်နော် "
တီဗီ ရီမုတ်ကို ကိုင်ကာ ဖွားဖွား ဖက် သို့ လှည့်ကြည့်ရင်း
စိတ်မကောင်းစွာ ပြောလိုက်သည်။"အင်း.. အဲ့ လို အဲ့ လိုနဲ့ သေခဲ့ရတဲ့ သူတွေမနည်းဘူးကွဲ့
ပင်လယ် ထဲက ငါးဖမ်းသမား ဘဝ ဆိုတာ သေမင်းနဲ့
သူငယ်ချင်းလုပ်ပြီး လုပ်ကိုင်ရတဲ့ အလုပ်ပဲ "ဖွားဖွား ၏ အသံတွင် စိတ်မကောင်းသံတွေစွတ်နေသည်
ဖွားဖွားက တီဗီ ကို မော့မကြည့်
လက်ထဲ က ထိုးလက်စ သိုးမွှေး ထည်ကို သာ တယုတယ ကြည့်ပြီး တိုးတိုး လေး ညီးတွားသည်။"ဖွား ဖွား မနက်ဖြန် သား သွားတော့မယ် နော်
ကျောင်းက စောစော သွားအပ်ရမယ် နောက်ပြီး
အဆောင် အသစ်ကလည်း ရှာရဦးမှာဆိုတော့လေ "တီဗီ ကို ပိတ်ချရင်း သူ ဖွားဖွား ဘက်လှည့်ပြောသည်
ဖွားဖွား က သူ့ကို လှည့်မကြည့်သော် လည်း သူ့စကားကို တော့ အာရုံ ရဟန်ရှိသည်။"အင်း သွား တော့ပေါ့ကွယ် အချိန်ရရင် လာလည်ပေါ့"
ဖွားဖွား သူ့ကို ပြန်မလွှတ်ချင်မှန်းရိပ်စားမိသည်။
ရုတ်တရတ်ဆို သလို ဖွားဖွား ကို နောက်ကျော က ပြေးဖက်ရင်း ပါးကို ရွှတ်ခနဲ တစ်ချက်နမ်းလိုက်သည်။"ဧည့် သည် တွေ ဧည့်သည် တွေ လာပြီး ရင် ပြန် ကျသူတွေချည်းပဲ "
ဖွားဖွား အသံတွေက စိတ်ဆိုး နေမှန်း ထင်ရှားနေသည်
ဝမ်းနည်းသလိုလည်း ရှိသည်။" ဖွား ဖွား ကလည်း"
ဖွားဖွား က
လက်ထဲ ရှိထိုးလက်စ သိုးမွှေးထည်ကို စားပွဲ ခုံပေါ် တင် ရင်း
နောက်ကျော ကဖက်ထား သော သူ့လက်ကို ဆွဲ ကာ
ဘေးက ထိုင်ခုံ တွင် ထိုင်စေသည်။
ထို့နောက် သူ့မျက်နှာကို တည့်တည့် ကြည့်ရင်း"ဂျောင်ဂု မင်း ရဲ့ ထိုသူ ကို တွေ့အောင် ရှာနော် သူမရှိတဲ့ မင်းရဲ့ ဘဝ က ဘယ်လောက်မလုံခြုံလည်းဆိုတာ "
"တော် ပါတော့ ကျေးဇူးပြုပြီး တော်ပါတော့ ဘာလို့.. "
ရုတ်တရတ် ရင်ထဲ စူးတက်လာရင်း ပျောက်သွားသော အသံကို အတင်း ပြန် ကြိုးစားယူကာ
