THREE

314 43 4
                                    

ရထားကြီးစိုက်လေပြီ။
ဂေျာင်ဂုတစ်ယောက်ပျင်းကြောရှည်ရှည်ဆန့်ရင်းနိုးထလာသည်။
ဘေးက အကိုက တော့ဘယ်ပျောက်သွားသည်မသိ။
အိတ်နှစ်လုံးကိုမနိုင်မနင်းမရင်း ရထားပေါ်ကဆင်းလာသည်။
ဟိုဟိုဒီဒီ လူရှုပ်တာကတစ်ကြောင်း
လေးတာ က တစ်ကြောင်း အကြောင်းနှစ်ကြောင်းကြောင့် ယိုင်တိုင်တိုင်ဖြစ်ရသည်။
အိတ်လက်ကိုင်တင်းအောင် ပြီး ဖြစ်ချင်ရာဖြစ် အတင်းတိုးဝေှ့ရင်း လူရှင်းရာကိုထွက်လာရသည်။

" ဟူး"

သက်ပြင်းရှည်ရှည်ချပြီး
တိုးရင်း ဝေှ့ရင်းကြေမွသွားတဲ့ အကျီႅတေွကို လက်နဲ့ ခါချပြီး နေရာတကျဖြစ်စေသည်။ထို့နောက်အထုတ်နှစ်ခုကို အားကုန်သုံးမက
ဘတ်စ်ကားမှတ်တိုင်စီသို့လမ်းလေှျာက်သွား
လိုက်သည်။

" ဟင် အကို "

ခုံတန်းပေါ်တွင် ထိုင်ရင်းတစ်နေရာကိုတေွဝေသလိုငေးနေသည်မှာ ရထားပေါ်ကအကို ဖြစ်သည်။
သူခေါ်တာကိုကြားတော့ တစ်ချက် အာရုံပေးသည်။မျက်စောင်းပြင်းပြင်း ထိုးရင်း
တစ်ဖန် ပြန်လျစ်လျူရှုနေလိုက်သည်။

တစ်ယောက်ယောက်က ကိုယ့်ကို အာရုံမစိုက်တတ်ရင် အရမ်းဒေါသထွက်တတ်တဲ့ ဂေျာင်ဂု မျက်နှာတေွ နီရဲနေပြီဖြစ်သည်။

" တော်တော်ကြီးကျယ်တာပဲ "

အိတ်နှစ်လုံးကိုမြေပြင်ပေါ်ဘုန်းကနဲပစ် ချရင်း လက်ပိုက်ကာ တစ်လောကလုံးကိုရှာကေွျးနေရတဲ့ ပုံစံနဲ့ ခေါင်းကြီးမော့ပြီးကားစောင့်နေလိုက်သည်။
သိပ်မကြာခင်သူစီးရမယ့် ကား ရောက်လာသည်။

" ကြာလိုက်တာ"

တိုးတိုး တိုးတိုး ရေရွတ်ရင်း အိတ်နှစ်လုံးကို
ပြန်ကောင်မရင်း ကားပေါ်တက်ဖို့လုပ်တော့
ဟို အကိုက သူ့ထက်အရင်တက်သွားသည်။
ဒီတစ်ကြိမ်တော့ ဂေျာင်ဂုမျက်လုံးပြူးရပြီ
ဘူဆန်မှာတည်းက တိုက်ဆိုင်နေတာ အခုထိ ရေစက်မကုန်သေးပါလား။

"ဟိုကောင်လေး တက်မှာလားမတက်ဘူးလား"

ကားတံခါးပေါက်မှာ ငူငိုင်ငိုင်နဲ့ စဉ်းစားခန်းထုတ်နေသည့် သူ့ကို အနောက်က ဉီးလေးကြီးက ပိတ်ဟောက်သည်။

You've reached the end of published parts.

⏰ Last updated: Nov 07, 2019 ⏰

Add this story to your Library to get notified about new parts!

SEESAW Where stories live. Discover now