သွပ် ခေါင်မိုးပေါ်သို့ မိုးရေစက်များ တပေါက်ပေါက်ကျသံကို
ကြားနေရသည်။
သည်းကြီး မည်းကြီး ရွာမချသေးပေမယ့် တစ်စက်စက်နှင့်
တုန့်နှေးစွာ ကျနေသော မိုးရေစက်များသည် သူ့အတိုင်း ပါပဲလား ဟုထယ်ဟျောင်း စဉ်းစားမိသည်။
ရှေ့ဆက်တိုးဖို့ လည်း မဝံ့ သလို နောက်လည်း မဆုတ်ချင်။"ဒီနေ့ ကျောင်းမသွားဘူးလား"
ပြတင်းပေါက်အပြင်ကို လက် ထုတ်၍ ခေါင်မိုးတံစက်မြိတ် မှ စီးကျလာသော မိုးရေစက်များ လက်လှမ်းမှီသလောက်
ဆော့ကစားနေသော သူ့ကို ဦးလေးဂျွန် က လှမ်းအော် ပြောလိုက်သည်လက်ကိုပြန် ဆွဲ ထည့်ရင်း ဦးလေးဂျွန်ဘက်သို့ လှည့်ကာ
"စဉ်းစား နေတာ မသွားရင်ကောင်းမလားလို့ "
ပြုံးပြီးဖြေသော သူ့ကို ဦးလေးဂျွန်ကလည်းပြန်ပြုံးပြသည်
"သဘောပါပဲ "
ငါးမျှားပိုက်ကွန် ကို ကိုင်ကာ အိမ်ပေါက်ဝဆီမှ လက်ကို ဝှေ့ယမ်း နှုတ်ဆက်ပြရင်း ဦးလေးဂျွန်ထွက်သွားသည်။
ကျောင်းတစ်ရက်ဖျက်လို့ရပေမယ့် အလုပ်တော့ ဖျက်လို့ မရမှန်းသူသိသည်။
ဝတ်ထားသည့် တီ ရှပ် အမည်းရောင်ပေါ်တွင် အမည်းရောင်
အနွေးထည်ကိုပဲ ထပ်ဝတ်ကာ ထီးတစ်လက်စောင်းရင်း
သူလည်းထွက်လာလိုက်သည်။ခါတိုင်းလူ တိုး မပေါက်သည့် ကော်ဖီဆိုင်က ဒီနေ့တော့ လူရှင်းနေသည်။
"မိုးရွာလို့နေမယ်"
ခပ်တိုးတိုးရေရွတ်ရင်း ရှေ့ဖုံးခါးစည်း တစ်ထည်ကို ဝတ်လျက် စားဖိုခန်းက သူ့နေရာတွင် မှာထားသည့်
ကိတ်နှင့် ကော်ဖီများကို ပြင်ဆင် ပေးနေလိုက်သည်။
တစ်ခါတစ်ခါ သူစဉ်းစားမိသည်။
သူဟာ ကိုယ့်ကိုယ် ကို ပျော့ညံ့သူတစ်ယောက်အဖြစ် ပုံစံသွင်းနေမိတာလားဆိုပြီး။"ဒီနေ့ကျောင်းမသွားဘူးလား ထယ်ဟျောင်း"
မန်နေဂျာ ဦးလေး ကြီးက သူ့ကို အထူးတဆန်း ကြည့်ကလာမေးသည်။
"အင်း ဟုတ်တယ် နည်းနည်း ပျင်းသလိုရှိတာနဲ့
ပြီးတော့ မိုးကလည်းအေးတော့ ကျွန်တော် မနက် ပိုင်း ဆိုင်လာလိုက်ရင် ညနေပိုင်း စောစောအိပ်လို့ရတယ်လေ
အကို ဟိုဆော့ လည်း သူသွားစရာရှိတယ် ဆိုတာနဲ့ အတော် ပဲဖြစ်နေလို့ပါ "
