ဝေဝူရှင်း is boss!!!!Part-2

5K 324 24
                                    

//Zaw//

အခုချိန်မှာကျင်းလင်တစ်ယောက်အလွန်အမင်းစိတ်ဓာတ်တွေထိုးကျနေသည်။လန်ဝမ်ကျိ၏ဆိုင်စောင့်ရမည်ဟူသည့်တစ်ချက်လွှတ်အမိန့်ဖြင့်သူတို့သုံးယောက်ခြေချုပ်မိနေခြင်းဖြစ်သည်။ဘေးနားကကျင်းရီကိုကြည့်တော့စာအုပ်တစ်အုပ်ကိုသည်းကြီးမည်းကြီးဖတ်နေသည်။စစ်ကျွေးကိုကြည့်ပြန်တော့လည်းဈေးလာဝယ်သူနှင့်အလုပ်ရှုပ်နေသည်။

''ဘာလို့ငါတို့ကျမှဒီဆိုင်ကိုကြည့်ရတာတုန်း ဦးရီးတော်တစ်ယောက်ဆိုတာလည်းပြန်ကိုမလာသေးဘူး''

သူ့စကားကြောင့်ကျင်းရီကလှည့်ကြည့်သည်။

''ဟေ့ကောင် မင်းလည်းပျင်းရင်ဒီစာအုပ်ဖတ်ပါလား''

ပြောပြောဆိုဆိုနဲ့ကျင်းရီကစာအုပ်တစ်အုပ်ကိုပစ်ပေးသည်။

''မဖတ်ဘူး မဖတ်ဘူး မင်းဟာမင်း ဖတ်''

ကျင်းလင်ကအသည်းအသန်အော်ပြောတော့ကျင်းရီကဖတ်လက်စစာပဲဆက်ဖက်နေသည်။ကျင်းလင်မဖတ်ချင်ရသည့်အကြောင်းကတခြားမဟုတ်။ယခုသူတို့စောင့်နေသည့်ဆိုင်ကဝေဝူရှင်း၏ဆိုင်ခွဲတစ်ခု ဒီထက်ပြည့်စုံအောင်ပြောရရင် အမှတ်တရပစ္စည်းအရောင်းဆိုင် ဒီ့ထက်ပိုပြည့်စုံအောင်ပြောရရင် ပစ္စည်းအားလုံးကMade by wei wuxian။ရောင်းချသည့်ပစ္စည်းအမျိုးအစားက ဝေဝူရှင်းကိုယ်တိုင်ဖန်တီးရေးဆွဲသည့် လန်ဝမ်ကျိ၏ပုံတူပန်းချီစာအုပ်များနှင့် ၁၈ယောက်နှင့်အထက်စုကြည့်ရသည့်စာအုပ်များ သို့ သူတို့နှစ်ယောက်၏ Everyday is Everydayရုပ်ပြစာအုပ်များနှင့်ဝေဝူရှင်းကိုယ်တိုင်ထုထွင်းထားသောဝမ်ရှန်ပန်းပုရုပ်ထုများဖြစ်သည်။

ထိုကြောင့်ကျင်းလင်မှာဤကဲ့သို့ဆိုင်မျိုးအားစောင့်နေရခြင်းထက်ကိုယ့်ကိုကိုယ်သတ်သေလိုက်တာမှကောင်းဦးမည်ဟုမြည်တွန်တောက်တီးပြီးပြောနေခြင်းဖြစ်သည်။

''နောက်တစ်ခေါက်လာဖို့မျှော်လင့်နေပါတယ်ဗျ ဟုတ်ကဲ့ကျေးဇူးပါဗျ''

စစ်ကျွေးကဈေးလာဝယ်သူတို့အားနှုက်ဆက်ပြီးဆိုင်အတွင်းထဲဝင်လာသည်။

''ဗိုက်ဆာနေပြီလား စစ်ကျွေး''

ကျင်းလင်ကမေးတော့စစ်ကျွေးကခေါင်းခါပြသည်။

Mo Dao Zu Shi One Shot-1(Zaw+Uni)Where stories live. Discover now