တရားရှင်နဲ့လူမိုက်ဘုရင် Final

3.8K 257 22
                                    

//ZAW//
ယမန်နေ့ကရုံးထုတ်စစ်ဆေးမှု၌သေရည်ဆိုင်ပိုင်ရှင် ကုန်သည်နှင့်အပျိုကြီးတို့၏တိုင်တောမှုအပြီးမှာတရားသူကြီးနှင့်အမတ်နှစ်ယောက်ခေါင်းရှုပ်သွားသဖြင့်စစ်ဆေးမှုကိုဆိုင်းငံ့ထားခဲ့ကြသည်ကိုစာဖတ်သူတို့သိကြပေမည်။ရာသီဥတုအခြေအနေအရ စီရင်မှုကိုခေတ္တရပ်ထားချင်သော်လည်း တရားခံ၏ဂျီတိုက်တွန်းအားပေးမှုကြောင့်တရားသူကြီးမှာမဖြစ်မနေတရားစီရင်မှုကိုပြန်လည်စတင်ရတော့သည်။

ယခင်နေ့ကအတိုင်းလူအုပ်နဲ့တိုင်တောသူနဲ့အမတ်တွေရှိကြသော်လည်းတရားသူကြီးနှင့်တရားခံမှာရောက်မလာကြသေးပေ။အမတ်နှစ်ယောက်ကလည်းခေါင်းရှုပ်နေကြသလိုတိုင်တောသူတွေမှာလည်းစိတ်မရှည်ဖြစ်နေကြပြီ။

''ကြာလှချည်လားကွာ ဘယ်တော့များမှလာကြမှာလဲ''

သေရည်ဆိုင်ပိုင်ရှင်ကညည်းတွားတော့ကုန်သည်ကဆိုသည်။

''မလောပါနဲ့ အချိန်တန်ရင်လာမှာပေါ့ ကြည့်ရတာတရားသူကြီးကတရားခံကိုပြင်းပြင်းထန်ထန်အပြစ်ပေးပြီးစစ်ဆေးနေတာနေမှာပေါ့ မပူနဲ့ အချိန်တန်ရင်ကျုပ်တို့ရသင့်ရထိုက်တာပြန်ရလိမ့်မယ်''

ဘေးနားကထိုင်နေသည့်ကျန်းချန်စိတ်မဝင်စားသလိုနေနေသည်။သူကိစ္စကရေးကြီးခွင်ကျယ်မဟုတ်ပေမဲ့သူ့အတွက်တော့ကမ္ဘာနဲ့ချီပြီးအရေးပါသဖြင့်တရားသူကြီးကိုသာစောင့်နေသည်။မကြာပါ။တရားသူကြီးပခုံးကိုပိုင်စိုးပိုင်နင်းနဲ့ဖက်ပြီးရောက်လာသည့်တရားခံကြောင့်ပရိသတ်ကဆွံ့အသွားသလိုကုန်သည်နှစ်ဦးကကြောင်နေသည်။အဆိုးဆုံးမှာကျန်းချန်ဖြစ်သည်။သူ့လိုလူရှေ့မှာအခုလိုပြုမူနေတာကသူ့ကိုစော်ကားနေသလိုခံစားရသည်။တရားခံကသူ့ကိုကြည့်လာတော့ပါးစပ်ထဲလက်ထည့်ပြီးအန်သည့်ပုံလုပ်ပြလိုက်သည်။တရားခံကမမှုဘဲတရားသူကြီးကိုသာစကားတွေလှည့်ပြောနေသည်။

''ဘယ်လိုဖြစ်တာပါလိမ့် တရားခံကလည်းဒီလောက်ရုပ်တည်တဲ့တရားသူကြီးကိုမကြောက်မရွံ့လုပ်ရဲတယ် တော်တော်အတင့်ရဲတာပဲ''

''အင်း ကြည့်ရတာတရားသူကြီးလည်းတရားခံနောက်ပါသွားပြီထင်တယ် လောကကြီးကဘယ်လိုတွေဖြစ်နေပါလိမ့်''

Mo Dao Zu Shi One Shot-1(Zaw+Uni)Tempat cerita menjadi hidup. Temukan sekarang