ပြုံးပြုံးလေးနေပါ ချစ်ဖို့ကောင်းလာပါလိမ့်မယ်

5.2K 313 31
                                    

//Zaw//
ဝေဝူရှင်းဆိုသည်မှာအလုပ်တစ်ခုကိုစလိုက်ပြီဆိုတာနဲ့အဆုံးထိလျှောက်သွားဖို့စဉ်းစားထားသူဖြစ်သည်။ကူးစူး၌ဈေးဆိုင်ဖွင့်သော်ငြားအရှင့်သားရှန်လဲ့၏ကမ္ဘာကျော်ဟင်းချက်လက်ရာကြောင့်အရင်းပြုတ်မတတ်ဖြစ်သွားသည်။သို့သော် မုန်လာဥအားလက်လှမ်းမူခဲ့သည့်ဟွားချန်ကြောင့်အမြတ်မရသော်လည်းဈေးဖိုးပြန်ကာမိပါ၏။

နဖူးပေါ်လက်တင်ပြီးဈေးကွက်စီးပွားရေးကိုဘယ်လိုကိုင်တွယ်ရမလဲစဉ်းစားရင်းသူ့အကြည့်ကဝမ်ကျိဆီရောက်သွားသည်။ဝမ်ကျိကိုကြာကြာစိုက်ကြည့်နေရင်းခေါင်းထဲကနေအကြံဥာဏ်တွေဟောသလိုဟောသလိုနဲ့ထွက်လာသည်။

''လန်ကျန့်ရေ''

ဝမ်ကျိကစာရေးနေရင်းမျက်လုံးလှန်ကြည့်သည်။ဝေဝူရှင်းကခပ်ပြုံးပြုံးနဲ့အနားတိုးကပ်သွားပြီး

''ဟိုလေ အကူအညီတောင်းစရာလေးရှိလို့''

''အင်း''

''ငါတစ်ခုစဉ်းစားမိတာရှိလို့''

''ဘာများလဲ''

''အဟင်း ဒါကလေ ဒီလိုရှိတယ်''

သူ၏စဉ်းစားမှုရလဒ်မှာကား …

သူနေထိုင်ခဲ့သည့်ယွင်မုန်မြို့သည်ကြာပန်းကြာစွယ်အိုင်ကြီးအိုင်ငယ်တို့နှင့်သာယာသည်မှန်သော်လည်းနွေရာသီရောက်သည်နှင့်မခံမရပ်နိုင်အောင်ပူလှသည်။ဖရဲသီးစားရုံနှင့်မတင်းတိမ်နိုင်။ဒါကြောင့်ဈေးနှုန်းချိုသာပြီးအရသာရှိသည့်ရေခဲခြစ်မျိုးသူရောင်းချင်သည်။ကူးစူးမှာဒါမျိုးကပေါသလောက်ယွင်မုန်မှာကစားစရာဆိုကြာစွယ်သာရှိသည်။ဒါကြောင့်
ဝေဝူရှင်းကထိုအကွက်ကိုမြင်ပြီးငွေရှာဖို့ကြံဖန်မိခြင်းဖြစ်သည်။

''ရတယ်မလား ဟင် ဒီတစ်ခါတော့သေချာပေါက်ရောင်းကောင်းမှာ မင်းရောင်းမှာဆိုတော့ပိုပြီးတော့တောင်ပေါ့ နော် လန်ကျန့်''

ဝမ်ကျိကသက်ပြင်းတစ်ချက်ချပြီး

''အင်း ငါကြိုးစားကြည့်မယ်''

ဝေဝူရှင်းကသူ့အားဖက်ပြီး

''ကျေးဇူး ကျေးဇူး  ချစ်တယ် လန်ကျန့်''

Mo Dao Zu Shi One Shot-1(Zaw+Uni)Donde viven las historias. Descúbrelo ahora