"Jongin ငါ့ဆီဖုန်းဆက်လာတယ် "ကြားလိုက်ရတဲ့စကားအဆုံး မော့ချလိုက်မိတဲ့အရက်က ဘာဖြစ်သွားလဲတောင် အရသာခံလို့မရလိုက် ။ ဒဏ်ရာဟောင်းတွေက ပြန်ကြွလာသည် ။sehun ကိုjonginကငြီးငွေ့ပြီး ဂရုစိုက်မပေးတော့၍ jonginအနားကနေထွက်လာခဲ့ခြင်းဖြစ်သည် ။ ရင်တွေနာပြီး သိမ်ငယ်ရတာတော့ အပိုဆုပေါ့ ။
"ဟုတ်လား? "
Sehun ဘာမှမဖြစ်သလို ပုံဖမ်းရင်း baekhyun ကိုပြန်ဖြေလိုက်သည် ။ကျေးဇူးပြုပြီး သူ့ခံစားချက်တွေကို Baekhyun မမြင်ပါစေနဲ့ ။
"ပြန်တွဲကြဖို့ အစီအစဉ် မရှိဘူးလား?"
"ဘာတွေပြောနေတာလဲ baekhyun ရာ ငါ့မှာ hyung ရှိနေတဲ့ဟာကို "
"မင်းWu Yifan ကို မချစ်မှန်းငါသိတယ် ...ငါရှေ့မှာတော့ဟန်မဆောင်လဲရတယ် sehun "
"ငါhyung ကို သဘောကျပါတယ် ...ချစ်တာကတော့ ဘယ်သူ့ကိုမှ မချစ်တော့ဘူး ထပ်ပြီး "
တစ်စုံတစ်ယောက်ကို ချစ်ရင် ပင်ပန်းရတယ် ။ အခန့်မသင့်ရင် သေမလိုကိုနာကျင်ရရော ။ အဲ့တာကြောင့်ဘယ်သူ့ကိုမှ ထပ်မချစ်တော့ဖို့ sehun ဆုံးဖြတ်ချက်ချလိုက်ပြီးသား ။
Hyung ကြင်ယာဖက်သွားတွေ့တာကို စိတ်တိုလို့ဆိုတာထက် ပြသနာ ရှာချင်လို့ကိုရှာလိုက်တာဖြစ်သည် ။အမြဲအလိုလိုက်အကြိုက်ဆောင်တက်တဲ့ hyung အကြောင်းတမင်သိ၍ လုပ်လိုက်ခြင်းမျှသာဖြစ်သည် ။
"ဒီနေ့လဲ မင်းအရက်သောက်ချင်လို့ တမင် ဂျစ်လိုက်မှန်းငါသိတယ် "
"အကုန်သိနေတာဘဲ baekhyunက ငါ့အမေလုပ်တော့မလား"
ခပ်ရွဲ့ရွဲ့စကားအဆုံး မိုးမွန်နေအောင်အဆဲခံလိုက်ရတာက Sehun ...တစ်ယောက်အပြင်မရှိတဲ့ သူငယ်ချင်း baekhyun က အဲ့လိုလဲမိုက်ရိုင်းတက်သေးတာ ...
"စောက်ခွက်မပြောင်နဲ့ မင်းကအရမ်းသိသာနေတာ ငါမဟုတ်လဲတခြားသူက ရိပ်မိမှာပဲ ။ မင်းမျက်လုံးတွေကလေ jonginနဲ့ အတူရှိတုန်းကလိုမျိုးမဟုတ်တော့ဘူး "