Part-2(​ကွေကွင်းခြင်း)

1K 127 4
                                    

"ချစ်​ကကွာ ​တောင်းပန်​​နေတာ​လေး​တော့ အဖက်​လုပ်​သင့်​တာ​ပေါ့ "

"Hun ​ရေ ကိုယ်​​အော်​ငိုလိုက်​မှာ​နော်​ "

" သဲရာ အဲ့လိုကြီး မ​ခေါ်မ​ပြောပဲမ​နေပါနဲ့ ကိုယ်​စိတ်​ဒဏ်​ရာ​တွေ ရကုန်​ပြီ "

ပါးစပ်​က တီတီတာတာ ​တွေအကုန်​​လျှောက်​​ပြောပြီး အလုပ်​​လျှောက်​ရန်​အတွက်​ CV form ဖြည့်​​နေသည့်​ သူ့အား ​ဘေးနားလာထိုင်​ပြီး ပါးလာကိုင်​လိုက်​ ၊ ဆံပင်​လာသပ်​လိုက်​ ၊ လက်​လာဆွဲလိုက်​နှင့်​ kim jongin ဟာအလုပ်​ရှုပ်​​နေသည်​ ။

" ချစ်​​ရေလို့ "

ဖြစ်​ပြီးတဲ့ကိစ္စ​တွေကိုလဲ အစပြန်​ပြီးမ​ဖော်​ချင်​ ။ နှစ်​ယောက်လုံး​စိတ်ညစ်ရမှာမို့ ။ ​​​က​လေးဆန်​ဆန်​​ချော့​မော့မှု​တွေကြား သူအရည်​​ပျော်​ကာ ရယ်​ချင်​​နေပါပြီ ။

" ​ဘေဘီကကွာ အရမ်းလွန်​တာဘဲ ကိုယ့်​ကိုမသနားဘူးလား "

" ဒီ​နေ့ညစာ အပြင်​မှာဝယ်​​ကျွေး "

စကားလုံး​တွေကအဆက်​အစပ်​မရှိ​ပေမယ့်​ ​ခြောက်​နှစ်​ကြာနှလုံးသားချင်းနီး​နေကြတဲ့လူ​တွေမို့ တ​ယောက်​က စိတ်​​ဆိုး​​ပြေ​နေပါပြီလို့ တိုက်​ရိုက်​ မ​ပြော​ပေမယ့်​လဲ ​နောက်​တစ်​​ယောက်​ဟာ စိတ်​ဆိုး​ပြေ​နေပြီဖြစ်​​ကြောင်းအလိုလိုနားလည်​သွားပါသည်​ ။

ထို့​နောက်​ တစ်​​ယောက်​မျက်​နှာတစ်​​ယောက်​ကြည့်​ပြီး ပြိုင်​တူရယ်​​မောခြင်းထံသို့ ။

Apartfrom💕

" မင်းက​လေ အမြဲတမ်းအဲ့လိုဘဲ စိတ်​မပါ​တော့ရင်​လဲ​ပြော မြန်​မြန်​ ဆန်​ဆန်​ အပြီးသတ်​ ကြမယ်​ ငါတို့ဆက်​ဆံ​ရေးကို "

" တကယ်​ ကိုယ်​တို့ဋ္ဌာနက အ​ရေး​ပေါ်အစည်းအ​ဝေးက ညလုံး​ပေါက်​ သွားလို့ မင်းဆီမလာခင်​ခဏ​လေးပဲ​မှေးမယ်​ဆိုပြီး အိပ်​​ပျော်​သွား လို့ပါ hunရယ်​ "

ပြေလည်​ပြီး တစ်​ပတ်​ပင်​မကြာတဲ့ အချိန်​မှာအလားတူ ပြသနာမျိုး နှစ်​ဦးကြားထဲတွင်​ထပ်​ဖြစ်​ပါသည်​ ။

APARTFROM Where stories live. Discover now