Part 1

11.6K 208 4
                                    


ကျန်းစစ်​ယွီ

အသက်​- 22
အရပ်​-190cm
​သွေး      - O
အိမ်​ထောင်​ဘက်​- ဝူရှင်းဟွာ
ကျန်းမိသားစု၏တစ်​ဦးတည်း​သောသား

ဝူရှင်းဟွာ

အသက်​- 19
အရပ်​- 178cm
​သွေး      - B
အိမ်​ထောင်​ဖက်​- ကျန်းစစ်​ယွီ
ဝူမိသားစု၏တစ်​ဦးတည်း​သောသား

တရုတ်​ပြည်​A မြို့​တော်​

ဒီ​နေ့ကို ဖုန်း​ရွှေအရ​နေ့​ကောင်း​နေ့မြတ်​လို့
ယူဆပြီးစီးပွား​ရေးမင်္ဂလာ​ဆောင်​တစ်​ခု
ကျင်းပခဲ့ပါတယ်​။

စီးပွား​ရေးမင်္ဂလာ​ဆောင်​ဆိုတဲ့သ​ဘောအတိုင်း
နှစ်​ဘက်​အမျိုးနွယ်​တို့၏ စီးပွားဥစ္စာချင်း
တရားဝင်​အားဖြည့်​ခြင်း သက်​သက်​သာ
ဖြစ်​လေတယ်​။

ပိုပြီးထူးဆန်းတာက မင်္ဂလာ​မောင်​နှံဟာ
နုပျို​ချော​မောတဲ့​ယောက်ျား​လေးနှစ်​ဦး
ဖြစ်​နေတာပါပဲ။

ဒီအ​ကြောင်းအရာဟာ လတ်​တ​လော
A မြို့​တော်​ရဲ့
သတင်းနဲ့ အထက်​တန်းလွှာအသိုင်းဝိုင်းထဲ
မှာ​တော့ အ​ကြော်​ကြားဆုံးသတင်းတစ်​ပုဒ်​
ဖြစ်​နေ​လေသည်​။

ကျန်းမိသားစုနဲ့ ဝူမိသားစုတို့၏
စီးပွား​ရေးအင်​ပါယာ
ထူ​ထောင်​တဲ့​နေ့ဆိုလဲ မမှားပါဘူး။

ကျန်းမိသားစုရဲ့သားက စီးပွား​ရေး​လောကမှာ
နတ်​ဘုရားတစ်​ပါးဖြစ်​လို့ ဝူမိသားစုက သူတို့ရဲ့
ရင်​နှစ်​သည်းချာ ရတနာ​လေးကို
တစ်​သက်​လုံးစာအတွက်​စိတ်​ချရ​အောင်​
​ကောင်းကင်​ကျော့ကွင်းပစ်​သည်​ဟု
​ပြောဆို​နေမှု့များလဲရှိသည်​။
(​ကောင်းကင်​ကျော့ကွင်း = နတ်​ဘုရားကို​
​ကောင်းကင်​ထိတက်​ဖမ်းသည်​။ )

မင်္ဂလာအခန်းနားမှာ​တော့
မင်္ဂလာ​မောင်​နှံနှစ်​ဦးဟာ ရိုးရာဝတ်​စုံ
အနီ​ရောင်​ကို ဆင်​မြန်းထားကြပြီး
ဝူရှင်းဟွာက​တော့ ဦး​ခေါင်း​ပေါ်မှာ
မင်္ဂလာ ဇာအလွှာ​လေး ဖုံးအုပ်​ထား​လေသည်​။

အမှန်​တကယ်​တော့ ဒီဇာ​လေးအုပ်​ထားရလို့
ရှင်းဟွာတစ်​ယောက်​ဇာ​အောက်​မှာ
စူပုတ်​နေပါတယ်​။

အချစ်​ခံ Uke Where stories live. Discover now