ဘာလိုလိုနဲ့ မြို့ထဲကအဆင့်မြင့်ကွန်ဒိုကို
ပြောင်းနေခဲ့ကြတာ ၃ရက်ရှိနေပြီ ဒီနေ့တော့
ရှင်းဟွာရဲ့မိဘများအိမ်ကိုအလည်အပတ်သွားကြရမည်။နှစ်ဖက်မိဘတွေ အိမ်မှာလိုက်မနေဘဲ စစ်ယွီရဲ့ရုံးချုပ်နဲ့နီးရာ ရှင်းဟွာရဲ့ကျောင်းနဲ့နီးရာမှာနေခဲ့ကြခြင်းပင်။
လူပိုမထားချင်လို့ အိမ်အကူလဲမခေါ်ပေ။ တစ်ပတ်တစ်ခါမိဘတွေကလူလွှတ်ပေးမည်ဟုစီစဉ်ခဲ့ကြသည်။စစ်ယွီလဲရုံးပြန်မတက်သေးရှင်းဟွာလဲကျောင်းမဖွင့်သေးမို့အဆင်ပြေသလိုချက်စားကြသည်။
" ရှင်းဟွာ မနက်စာကိုထူးပြီးမချက်နဲ့တော့နော်မင်းမိဘတွေဆီသွားမှာဆိုတော့ အပိုတွေဖြစ်ကုန်လိမ့်မယ်"
ရေချိုးခန်းဝင်ရင်းသတိတရလှမ်းပြောသွားသော စစ်ယွီ။
"အင်းကော်ဖီပဲလုပ်ထားတယ်ပြီးရင်လာသောက်လို့ရပြီနော်"
ဆေးထားတဲ့ပန်းကန်တွေကိုရေသုတ်ရင်းအသိပေးထားလိုက်သည်။ထိုစဉ်....
"တိန်တောင်! တိန်တောင်!"
ဘဲလ်လာတီးတာလား ဘယ်သူများလဲ ဒါကနေရာသစ်မို့လာမဲ့သူမရှိသလောက်ပင်။တံခါးသွားဖွင့်လိုက်တော့ လှလှပပထုပ်ပိုးထားတဲ့လက်ဆောင်ထုပ်တစ်ခု
"ဒါက ကျန်းစစ်ယွီရဲ့နေရာပါလားခင်ဗျာ?"
" အာ ဟုတ်ပါတယ်ဗျ သူ့ကိုခေါ်ဖို့လိုအပ်သေး
သလားဗျ"" ကျွန်တော်ဒီအော်ဒါလာဖို့တာပါခင်ဗျ လက်မှတ်ထိုးပြီးလက်ခံပေးလို့ရမလားခင်ဗျ"
ဒီလူဘာတွေများမှာထားပါလိမ့်အထုပ်ကအတော်အသင့်လေးနေသည်။ ခနအကြာ စစ်ယွီမနက်စာစားဖို့ထွက်လာသည်။
" ကျန်းကော ပါဆယ်ရောက်လာလို့ကျွန်တော်ယူထားလိုက်တယ်"
သူကတော့သိပ်ပြီးထူးခြားသွားပုံမရပဲပုံမှန်ပဲပြောလာတယ်။
YOU ARE READING
အချစ်ခံ Uke
Romansကျွန်တော်ငယ်ငယ်ကထဲက မိဘတွေရဲ့စီးပွားရေးတွက်ချက်မှု့တွေကြားမှာကြီးပြင်းလာခဲ့ရတာ ဘယ်အပေါက်ကငွေဝင်အောင်ရှာရမလဲကျွန်တော်ကျွမ်းကျင်တယ်လူတွေကခေါ်ကြတယ် စီးပွားရေးနတ်ဘုရားတဲ့ ကျန်းစစ်ယွီ ကျွန်တော်ကအသက်19 fashionတွ...