Zawgyi
ကျောင်းတွေရုံးတွေကိုယ်စီသွားကြရတော့မှာမို့
ခါတိုင်းထက်တော့ အိပ်ယာစောထဖြစ်သည်။လက်ထပ်ပြီး ဟန်းနီးမွန်းရယ်လို့တော့မထွက်ခဲ့ကြဘူး။ အကိုကျန်းကတော့ စောစောထပြီးမနက်စာပြင်နေတယ်။ ကျွန်တော်ကတော့
ရေချိုးခန်းဝင်ပြီးရေချိုး ပစ်လိုက်သည်။ရေမချိုးခင် ပုံတစ်ပုံရိုက်ပြီး IG မှာတင်လိုက်သေးရဲ့။
ချစ်စရာကြောင်ကလေးဆိုပါတော့ ။ ကျွန်တော်အဝတ်လဲပြီးတော့ သူကအခန်းထဲဝင်လာတယ်။
"မနက်စာစားလို့ရပြီ ငါရေချိုးပြီးလာခဲ့မယ်"
ကျွန်တော်ခေါင်းပဲငြိမ့်ပြပြီးထမင်းစားခန်းထဲကိုသာလာခဲ့လိုက်သည်။သူကတော့သူ့ပင်ကိုယ်အတိုင်း
ခပ်အေးအေးပင်။ကျွန်နော်ကော်ဖီသောက်တုန်းသူကအလုပ်သွားဖို့ပြင်ဆင်ပြီး မျက်နှာချင်းဆိုင်မှာကော်ဖီဝင်သောက်နေပေပြီ။
************
ကားကိုယ်စီနဲ့အိမ်ကထွက်လာပြီးနောက် စစ်ယွီရဲ့ရုံးခန်းထဲကိုဝင်တယ်ဆိုရင်ပဲ နားရက်တွေအတွက်အလုပ်တွေပုံနေခဲ့သည်။
အလုပ်တွေမစခင်မှာ စတော့တွေရဲ့ဈေးတွေကို
အရင်ကြည့်ဖို့ ဖုန်းကိုဖွင့်လိုက်တော့ IG မှာ
noti ပြလာလို့ဝင်ကြည့်ဖြစ်တယ်ဆိုရင်ပဲ
အဝတ်မပါတဲ့ ကြောင်ပုံ သူ့အောက်မှာလဲ
သရေတမြားမြား မှတ်ချက်တွေကအများအပြား။စစ်ယွီတစ်ချက်ပြုံးလိုက်ပြီး သူ့ weibo မှာ
ပုံတစ်ပုံတင်လိုက်တယ်။
Morning ဆိုပြီးတော့ပေါ့
YOU ARE READING
အချစ်ခံ Uke
Romansaကျွန်တော်ငယ်ငယ်ကထဲက မိဘတွေရဲ့စီးပွားရေးတွက်ချက်မှု့တွေကြားမှာကြီးပြင်းလာခဲ့ရတာ ဘယ်အပေါက်ကငွေဝင်အောင်ရှာရမလဲကျွန်တော်ကျွမ်းကျင်တယ်လူတွေကခေါ်ကြတယ် စီးပွားရေးနတ်ဘုရားတဲ့ ကျန်းစစ်ယွီ ကျွန်တော်ကအသက်19 fashionတွ...