Part 4

4.6K 186 33
                                    

( luhan ရဲ့အသံ​အေး​အေး​လေးနား​ထောင်​ပြီးဖတ်​ပေးပါဗျ👆)

" Tian mi mi
ni xiao de tian mi mi

haoxiang hua er
kai zai chun feng li

kai zai chun feng li

zai nali zai nali jianguo ni
ni de xiaorong zhe yang shuxi

wo yi shi xiang bu qi
ah~zai meng li "

မနက်​စော​စော သီချင်းသံထွက်​လာလို့
မျက်​လုံးဖွင့်​ကြည့်​လိုက်​တော့ ရှင်းဟွာရဲ့ဖုန်း။

ဖုန်းပိုင်​ရှင်​က အိပ်​ကောင်းတုန်း
စစ်​ယွီဖုန်းကိုယူပြီး ဝရံတာကိုထွက်​ပြီးကိုင်​လိုက်​သည်​။

" wei ရှင်းအာ "

တစ်​ဖက်​မှ မိန်းက​လေးအသံထွက်​ပေါ်လာသည်​။
စစ်​ယွီ​ဆေးလိပ်​တစ်​ချက်​ရှိုက်​လိုက်​ပြီးမှပြန်​ဖြေလိုက်​သည်​။

" သူ မနိုး​သေးဘူး "

" အာ ရှင်​က စစ်​ယွီလား "

"အင်း"

" ကျွန်​မက ဝူအနုပညာလုပ်​ငန်းစုက
လက်​ထောက်​ရွှီပါ ဒီ​နေ့​ကျောင်းပိတ်​ရက်​မှာ
​ကြော်​ငြာတစ်​ခုရှိတယ်​လို့​ပြော​ပေးပါဦး
​မေ့​နေမှာစိုးလို့"

"​ပြော​ပေးလိုက်​မယ်​"

" xie xie "

ဖုန်းကိုပိတ်​လိုက်​ပြီး ဝရံတာမှာပဲဆက်​ရပ်​ပြီး​
​ဆေးလိပ်​ကုန်​အောင်​ဆက်​သောက်​ပြီးမှ
ပြန်​ဝင်​လာသည့်​တိုင်​ရှင်းဟွာမနိုး​သေး​ပေ။

နာရီကိုတစ်​ချက်​ကြည့်​လိုက်​ပြီးမနက်​စာပြင်​ဖို့
ထမင်းစားခန်းဆီသို့​ခြေလှမ်း​တွေကို​စေခိုင်းရင်း
နှုတ်​ခမ်းထက်​အပြုံးတစ်​ချို့ခိုတွဲပါလာခဲ့သည်​။

"​ဒေါက်​....​ဒေါက်​....​ဒေါက်​....
​ဒေါက်​....​ဒေါက်​....​ဒေါက်​....​ဒေါက်​"

နားထဲဝင်​လာတဲ့ တစ်​ခုခုကိုလှီးဖြတ်​နေတဲ့
အသံ​တွေ​ကြောင့်​ရှင်းဟွာ နိုးလာခဲ့သည်​။
ဒါ ကျွ​န်​တော့​ယောက်ျားရဲ့ မနက်​စာချက်​ပြုတ်​နေတဲ့အသံ​တွေပဲ​ပေါ့။

ကျွန်​တော်​လဲ ခုဆို ဒီလိုအသံ​တွေနဲ့
မနက်​ခင်းကို နိုးထတတ်​နေခဲ့ပြီ။
လူနှစ်​ယောက်​ရဲ့​နေ့စဉ်​ဘဝကို
​နေသားကျ​နေခဲ့ပြီဖြစ်​သည်​။

အချစ်​ခံ Uke Where stories live. Discover now