(Zawgyi)
ပျင်းလိုက်တာ...
အိမ်ထဲမှာလည်းဟာလာဟင်းလင်းဖြစ်နေသလို
ရင်ထဲမှာလည်းဟာတာတာကြီး
တစ်ယောက်ယောက်ကိုစောင့်မျှော်ရတဲ့အလုပ်ကသိပ်ပျင်းစရာကောင်းမှန်း jaeminအခုမှနားလည်တော့သည်
ထိုင်မရထမရနဲ့နေရတာလည်းအဆင်မပြေ.....
စိတ်ပြေလက်ပျော်ဂိမ်းထိုင်ဆော့နေမိသော်လည်း စိတ်ကတော့ ခြံတံခါးဝဆီမှာသာ.....
*တောက်...*
ဘာလို့ပြန်မလာသေးရတာလဲ.....
လူကိုပြီးစလွယ် "အကို ဒီနေ့မအားလို့ အိမ်စာအဖြစ်ဒီပရောဂျက်အကြောင်းကိုနားလည်အောင်ကြည့်ထား ....ပြန်လာမှအကိုစစ်ကြည့်ပေးမယ်....."ဆိုပြီး ထားသွားတဲ့သူက ညရှစ်နာရီ ကိုးနားရီထိပြန်မလာရအောင် ကိုယ့်ထက်အရေးကြီးတာဘာများရှိနေလို့ပါလိမ့်.....
ကိုကိုက သူ့ကိုအိမ်မှာနေခိုင်းထားတာ ကိုယ့်ကိုစောင့်ရှောက်ပြီးသင်ကြားပေးဖို့လေ ..
ဒင်းကခုချိန်ထိဘယ်တွေသွားပြီးအလေလိုက်နေလဲမသိ.....
*တီ*
ကားသံကြောင့် Jaeminအပြေးအလွှားပြတင်းပေါက်ကိုလှမ်းကြည့်မိသည်
ထင်သည့်အတိုင်းပင်....
jaemin အိမ်တံခါးကိုစောင့်တွန်းဖွင့်ကာ သူဝင်သွားသည့် အိမ်မကြီးထဲနောက်ကလိုက်ဝင်လာခဲ့သည်
"သခင်လေး...!"
ပြန်ရောက်လာရင်ချက်ချင်းလာပြောဖို့မှာခဲ့တဲ့ကောင်မလေးနဲ့အိမ်တံခါးဝတွင်ဆုံတော့ ခပ်မြန်မြန်ပင်တွန်းဖယ်ပြီး သူ့အခန်းဝတွင်ခြေစုံရပ်မိသည်....
တံခါးဖွင့်ဖို့အရေး ရင်ဘက်ကိုဖိကာ အမောအရင်ဖြေရသည်....
ဝိုင်တစ်ပုလင်းနဲ့ခွက်တစ်ခွက်ကိုဗန်းထဲထည့်ကာယူလာသောကောင်မလေးကjaeminကိုတွေ့တော့ခေါင်းငုံ့နှုတ်ဆက်၏
YOU ARE READING
My Ocean💦
Fanfiction(Zawgyi) သမုဒ္ဒရာကြီးလောက်ကျယ်ပြောများပြားလှတဲ့ ကျနော့ရဲ့ချစ်ချင်းမေတ္တာတွေအားလုံးကို ခဗျားတစ်ယောက်ထဲအတွက်ရည်စူးခဲ့ပေမဲ့.............ကျနော်ပြန်ရခဲ့တာက မရေတွက်နိုင်လောက်တဲ့ဒဏ်ရာတွေမျှသာ........💢💢 (Unicode) သမုဒ္ဒရာကြီးလောက်...