16❦

855 96 25
                                    

Zawgyi...

renjunနိုးလာ​လာချင်း မျက်​​တောင်​တဖျက်​ဖျက်​ခတ်​ကာ ​ဘေးဘီကိုဖြည်းဖြည်းချင်းကြည့်​လိုက်​သည်​....

ဘေးကခုံတန်း​လေးမှာသပ်​သပ်​ရပ်​ရပ်​​ခေါက်​သိမ်းထားတဲ့​ခေါင်းအုံးနဲ့​စောင်​မှလွဲ၍ တခြားဘယ်​သူမှရှိမ​နေ.....

ထိုင်​လို့အဆင်​​ပြေ​အောင်​ ခါး​နောက်​ ​ခေါင်းအုံးကိုထိုးထည့်​ပြီး ဖြည်းဖြည်းချင်းထကာ ကုတင်​​ဘောင်​ကိုမှီထိုင်​လိုက်​သည်​.....

မူး​နေ​သော ​ခေါင်းကို အခြားလက်​တစ်​ဖက်​နှင့်​ဖိကိုင်​ကာ ​ခေတ္တမျှငြိမ်​​နေလိုက်​ပြီး ......ခနကြာ အဆင်​​ပြေသွားမှ ​​ဘေးခုံ​ပေါ်ကphကိုဆွဲယူလိုက်​သည်​....

အခါတစ်​ရာ​ကျော်​​ကျော်​​ခေါ်ထားတဲ့ph call​တွေ......jaeminဆီက​ရော....chenleဆီက​ရော......

Dateကိုကြည့်​မိ​တော့renjun လန့်​ဖျန့်​သွား၏

အိုး မိုင်​......ဒါဆိုငါလဲ​နေတာ၅ရက်​​တောင်​ရှိပြီ​ပေါ့.....

အကျိုးအ​ကြောင်း​ပြောပြရန်​jaeminဆီ ph​ခေါ်​သော်​လည်းမကိုင်​​ချေ.....

စိတ်​ဆိုး​နေပြီလား မသိ......

renjun phကို​ဘေး​ခုံ​ပေါ်အသာချကာ အဖြစ်​အပျက်​​​တွေကိုဖြည်းဖြည်းချင်းပြန်​စဉ်းစားလိုက်​သည်​....

အဲ့​နေ့က ​သေချာ​ပေါက်​​မှောင်​မဲမဲ ​အေးစက်​စက်​​နေရာတစ်​ခုမှာထိုင်​​နေခဲ့တာပါ......

နောက်​ပိုင်း​တွေမမှတ်​မိ​တော့......စဉ်းစားဖို့ကြိုးစာ​လေ ​ခေါင်းကပိုကိုက်​လာ​လေမို့ ရှည်​ရှည်​​ဝေး​ဝေးမစဉ်းစားပဲ ငြိမ်​ငြိမ်​​လေးသာထိုင်​​နေလိုက်​​တော့သည်​....

Chenleပဲ​နေမှာ......phဆက်​လို့မရလို့ စိတ်​ပူးပြီးလိုက်​ရှာရင်း ​တွေ့သွားတာ​နေမှာ.....

ချ​လောက်​!

တံခါးဖွင့်​လိုက်​သံ​ကြောင့်​ renjun တံခါးဝနားဆီအကြည့်​ပို့လိုက်​မိ၏

တံခါးဝမှဖြည်းဖြည်းချင်းဝင်​လာတဲ့သူကိုမြင်​​တော့ renjunဝမ်းသာအားရလှမ်း​ခေါ်လိုက်​သည်

My Ocean💦Opowieści tętniące życiem. Odkryj je teraz