❤အားကိုးမယ်​​နော်​❤ {ep-1}

3.6K 109 2
                                    

❤အားကိုးမယ်​​နော်​❤
         {ep-1}

" Krist ..."

-S ရဲ့ ​ဒေါသတကြီး​ခေါ်သံ​ကြောင့်​ K ကိုယ်​​လေးတုန်​သွားသည်​ K ရဲ့နာမည်​အပြည့်​အစုံကို ​​ခေါ်ပြီဆိုတည်း​က အားလုံးကသ​ဘော​ပေါက်​ကြသည်​ အကုန်​ အနားကထွက်​သွားပြီး လုပ်​စရာရှိတာလုပ်​​နေကြသည်

"ဟုပ်​ ကိုကို"
"မင်းရဲ့ အပြစ်​ကိုသိတယ်​မလား"
"သိပါတယ်​"
"သိရင်​ဘာလို့လုပ်​တာလဲ"
"😔"
"​ဖြေ​လေ ​မေး​နေတာ"
"ဟို... ဟို သူတို့ဘက်​က အရင်​ ရန်​လာစလို့ပါ"
"မလိုချင်​ဘူး ကိုယ် ​ဘာ​ပြောထားလဲ ရန်​ဖြစ်​တာမကြိုက်​ဘူးလို့​ပြောထားတာမဟုပ်​ဘူးလား ​မေ့သွားတာလား ကိုယ့်​စကားကို အ​ရေးမလုပ်​တာလား ဟမ်​"
"​ဘေဘီ ​တောင်းပန်​ပါတယ်​ ကိုကိုရယ်​ ​​ဘေဘီ နောက်​မလုပ်​​တော့ပါဘူး"

-နံရံကို လက်​သီးနဲ့သုံးချက်​​လောက်​ ကျ​တော်​ဆင့်​ထိုး​တော့ K က မျက်​ရည်​​တွေကြားက အတင်း​တောင်းပန်​​နေ​သည်​ သူ့ကိုစိတ်​ဆိုးတိုင်း သူအပြစ်​လုပ်​တိုင်း ကျ​တော့ကိုယ်​ကျ​တော်​အသားနာ​အောင်​လုပ်​​နေကျဖြစ်​သည်​ K ကငယ်​ငယ်​​လေးတည်းက ​ခေါင်းမာသည်​ သူ့ကိုရိုက်​လဲ အံကြိတ်​ခံတတ်​သူတ​ယောက်​ဖြစ်​သည်​ သို့​သော်​ ကျ​တော့ကိုယ်​ ကျ​တော်​အသားနာ​အောင်​လုပ်​မှာကို သူအ​ကြောက်​ဆုံးပါ

-ထိုအ​ကြောင်းကို စ သတိထားမိခဲ့တာ K ကိုးနှစ်​အရွယ်​ကဖြစ်​သည်​ K ကို သူ့သူငယ်​ချင်း​တွေ ဝိုင်းအနိုင်​ကျင့်​ကြလို့ မျက်​နှာမှာ ဒဏ်​ရာ​တွေနဲ့ ပြန်​လာတုန်းက ငြိမ်​ခံလာတဲ့ သူ့ကိုလဲ စိတ်​တို အများနဲ့တ​ယောက်​အနိုင်​ကျင့်​လိုက်​တဲ့ သူ့သူငယ်​ချင်း​တွေကိုလဲ စိတ်​တိုပြီး တခုခုလုပ်​မိမှာစိုးလို့ ခုံ​ပေါ်ကို လက်​သီးနဲ့ ခပ်​ပြင်းပြင်း ထိုးလိုက်​မိတဲ့အချိန်​ သူ့ကိုရိုက်​လို့အသား​နာရင်​​တောင်​ အသံမထွက်​ပဲ အံကြိတ်​ခံတတ်​တဲ့ K က​နောက်​မလုပ်​​တော့ပါဘူးဆိုပြီး လက်​အုပ်​​လေးချီကာ​တောင်းပန်​ပြီး ကိုကို့အသားနာ​အောင်​ မလုပ်​ပါနဲ့​တော့ဆိုတာ ငို​နေ​တော့သည်​ အဲ့ဒီ​နောက်​ပိုင်း တတ်​နိုင်​သမျှ အပြစ်​မလုပ်​မိ​အောင်​ ​ရှောင်​လာ​​တော့သည်

❤အားကိုးမယ်​​နော်​❤Where stories live. Discover now