❤အားကိုးမယ်​​နော်​❤ {ep-9}

1.3K 83 0
                                    

❤အားကိုးမယ်​​နော်​❤
           {ep-9}

"ဟယ်​လိုကိုကို လာ​နေပြီလား ​ဘေဘီတို့​ရောက်​​နေပြီ​နော်​"
"လာ​နေပြီ ခန​စောင့်​​နော်​ ​ဘေဘီ"
"ဟုပ်​"

-ဒီ​နေ့ ​ဘေဘီက သူ့ချစ်​သူနဲ့မိတ်​ဆက်​​ပေးဖို့ စား​သောက်​ဆိုင်​တစ်​ခုမှာ ချိန်းထားကြတာဖြစ်​သည်​ ကျ​တော် ​လေးလံတဲ့စိတ်​​တွေနဲ့ ထွက်​လာခဲ့သည်​ ​တွေ့ပါပြီ ဆံပင်​ရှည်​ကြီးနဲ့ ယဉ်​လွန်း​ချောလွန်းတဲ့ ​ဘေဘီရဲ့ချစ်​သူ​လေးကို

"ကိုကို"
"​ရောက်​​နေတာကြာပြီလား"
"ကြာ​သေးပါဘူး ကိုကို့ဆီဖုန်းဆက်​​တော့မှ ​ရောက်​တာ"
"sry ​နော်​ ညီမPကအရင်​​ရောက်​​နေသင့်​တာ"
"ရပါတယ်​ P"

-ရုပ်​ရည်​တင်​မက အ​နေအထိုင်​အ​ပြောအဆို​လေးပါ သိမ်​​မွေ့သားပဲ မဆိုးပါဘူး​လေ ကျ​တော်​ ​ဘေဘီရဲ့ ချစ်​သူအ​ပေါ် စံနှုန်း​တွေအများကြီး ​​မျှော်​လင့်မထားပါဘူး ​ဘေဘီအ​ပေါ် ကျ​တော်​ချစ်​သလို ချစ်​​ပေးနိုင်​ပြီး ကျ​တော်​ ဂရုစိုက်​သလို ဂရုစိုက်​​ပေးနိုင်​ရင်​ အဆင်​​ပြေပါပြီ

"ဗိုက်​ဆာ​နေကြပြီလား ထမင်းအရင်​စားရ​အောင်​​နော်​ ပြီးမှ စကား​အေး​ဆေး​ပြောကြတာ​ပေါ့"
"ဟုပ်​ကဲ့"

-​ထမင်းဟင်း​တွေလာချ​တော့ ​ဘေဘီကြိုက်​တဲ့ ကြက်​​ပေါင်းကို ခပ်​ပြီး အသား​လေး​တွေကို ငယ်​ငယ်​ကလုပ်​​ပေး​နေကျအတိုင်း လုပ်​​ပေးပြီး ​ဘေဘီပန်းကန်​ထဲကိုထည့်​ဖို့ရွယ်​​နေတုန်း ​ကောင်​မ​လေးက အရင်​ဦးစွာထည့်​​ပေးလိုက်​တာ​ကြောင့်​ ဖဲ့ပြီးသားဇွန်းထဲကအသား​လေး​တွေကို ဘယ်​သူမှမမြင်ေ​အာင်​ကိုယ့်​ဘာသာစားလိုက်​မိသည်​ ​ဘေဘီ စား​နေရင်းငြုပ်​သီးစပ်​ပြီး သည်းသွား​တော့ ကျ​တော်​​ရေခွက်​ကိုအမြန်​​ကောက်​ကိုင်​ပြီး ​ပေးဖို့ရည်​ရွယ်​လိုက်​​ပေမဲ့ သူ့​ဘေးနားမှာ ထိုင်​​နေတဲ့​ကောင်​မ​လေးက ဦးစွာ ​ပေးလိုက်​လို့ ​ဘေဘီ​ကသောက်​​တောင်​​သောက်ေ​န​လေပြီ

-ကျ​တော်​တ​ယောက်​တည်းဖြစ်​ပျက်​​နေတာ​တွေကို ဘယ်​သူကမှမမြင်​လိုက်​ကြပါဘူး ခံစားချက်​တို့ကိုမြိုသိပ်​လိုက်​ကာ ​ခေါင်းငုံ့ပြီး စား​နေလိုက်​သည်​ ​ဘေဘီ ချစ်​မယ်​ဆိုလဲချစ်​​လောက်​ပါတယ်​ ကျ​တော့ထက်​ဂရုစိုက်​မဲ့ချစ်​သူ​လေးသူ့မှာရှိ​နေပြီဆို​တော့ စိတ်​ချသွားပါပြီ​လေ

❤အားကိုးမယ်​​နော်​❤Nơi câu chuyện tồn tại. Hãy khám phá bây giờ