❤အားကိုးမယ်​​နော်​❤ {ep-5}

1.3K 70 0
                                    

❤အားကိုးမယ်​​နော်​❤
          {ep-5}

-သူမကို စိတ်​ဝင်​စားမိ​ပေမဲ့လဲ ကိုကိုမျက်​နှာကိုမြင်​​ယောင်​လာသည်​မို့ ခံစားချက်​​တွေကိုထပ်​ပြီးမျိုသိပ်​ထားလိုက်​သည်​ ဒီ​နေ့စာ​မေးပွဲ​နောက်​ဆုံးရက်​ ကိုကိုက လာကြိုပြီး ​လျှောက်​လည်​မယ်​လို့​ပြောထားလို့ ကိုကို့ကို​မျှော်​​နေလိုက်​သည်​ ကိုကို့ကား​လေး​ရောက်​လာ​တော့​ပြေးထွက်​လာပြီး ကား​​ပေါ်တ​က်ကာ ​​ကျ​တော်​တို့ ​လျှောက်​လည်​ဖြစ်​ကြသည်

-ကန်​​တော်​ကြီး​ရောက်​​တော့ ရုပ်​ရှင်​ရိုက်​ကွင်းတခုရိုက်​​နေတာနဲ့ ဆုံပြီး ကိုကိုကသွားနှုတ်​ဆက်​​နေလို့​စောင့်​​နေလိုက်​သည်​ ရုပ်​ဖျက်​ပြီး​လျှောက်​လည်​တာမို့ရုတ်​တရက်​ဆို ကိုကို့ကိုမမှတ်​မိနိုင်​​ပေ စကား​ပြောတုန်းငိုက်​ငိုက်​​ဆောင်းလာတဲ့ ဦးထုပ်​ကိုချွတ်​လိုက်​​တော့ ​ကောင်​မ​လေးတသိုက်​ မှတ်မိသွားပြီး ​ကိုကို့ဆီ​ပြေးလာကာ လက်​မှတ်​ထိုးခိုင်းကြ ဓာတ်​ပုံရိုက်​ခိုင်းကြနဲ့ကျ​တော်​​ဘေးကိုအလိုလို​ရောက်​သွားသည်

*ဟွန့်​ ကိုကိုကအပြင်​သွားတိုင်းဒီလိုပဲလားမသိဘူး ​ကောင်​မ​လေး​တွေကလဲ မျက်​စိကို​နောက်​​နေတာပဲ*

-စိတ်​တိုတိုနဲ့ ဇာတ်​လမ်းရိုက်​​နေတဲ့​နေရာမှာငုတ်​တုတ်​ထိုင်​ရင်းကြည့်​​နေလိုက်​သည်​မင်းသားကို မင်းသမီးကိုပခုံးဖက်​ကာ လက်​ကိုင်​ပြီးစကား​ပြော​နေကြသည်​ ကိုကိုလဲ မင်းသမီး​တွေနဲ့ ဒီလိုပဲ​နေမှာ ခုထိကိုကိုခွင့်​မပြုလို့ကိုကို့ဇာတ်​ကား​တွေ တကားမှမကြည့်​ခဲ့ဖူး​ပေ

"​ဘေဘီ ဘာလုပ်​​နေတာလဲ ပြန်​ရ​အောင်​ ကိုကိုရှိတာ တခြားလူ​တွေပါ မရိပ်​မိခင်​"
"ဟုပ်​"

-ဟူး လည်​တာ​တောင်​​အေး​ဆေးမလည်​ရတဲ့ ဘဝပါလား ကိုကို့ဘဝက သာယာလိုက်​တာ ​ကောင်​မ​လေး​တွေဝိုင်းဝိုင်းလည်​​နေတာပဲ ကျ​တော်​သာ အိမ်​ထဲမှာ​နေပြီး ဘာမှမသိတာပါလား ခုလိုကျ​တော့လည်း​စိတ်​ထဲက ဘာကိုအလိုမကျမှန်းမသိ စိတ်​ခု​နေမိသည်

❤အားကိုးမယ်​​နော်​❤Donde viven las historias. Descúbrelo ahora