❤အားကိုးမယ်​​နော်​❤ {ep-2}

1.9K 94 1
                                    

❤အားကိုးမယ်​​နော်​❤
         {ep-2}

-ကျ​တော်​လဲ အမှတ်​တမဲ့ဖြစ်​သွားတာမို့ လန့်​သွားပြီး သူ့ကိုကျ​တော့ဘက်​လှည့်​ကာ ကြည့်​လိုက်​​သည်​ သူ့နှုတ်​ခမ်းနား​လေးမှာ ​သွေးနဲနဲစို့သွားတာမြင်​​တော့ စိတ်​မ​ကောင်းဖြစ်​သွားသည်

"ကိုကို တမင်​လုပ်​လိုက်​တာမဟုပ်​ပါဘူး မ​တော်​တဆထိသွားတာပါ"
"​ဘေဘီသိပါတယ်​"
"လာ ကိုကို ​ဆေးပြန်​ထည့်​​ပေးမယ်​"

-သူ့လက်​ကိုဆွဲကာ အခန်းထဲ​ခေါ်သွား​တော့ ခ​လေး​လေးတ​ယောက်​လို လိုက်​လာသည်​ အနာကိုဆေးလိမ်း​ပေး​တော့ နာပြီးတွန့့်​သွားရှာသည်

"ကိုကို ​တောင်းပန်​တယ်​​နော်​ ​ဘေဘီမျက်​နှာလှလှ​လေး ဒဏ်​ရာဖြစ်​သွားပြီ"
"ရပါတယ်​"

-ဘယ်​​လောက်​စိတ်​ဆိုးစိတ်​ဆိုး အရမ်းဂရုစိုက်​တတ်​တဲ့ ကိုကို့ကို အရမ်းချစ်​ပါသည်​ ကိုကိုကလည်း ညီအရင်းတ​ယောက်​လို ချစ်​ရှာသည်​ ကျ​တော်​သိတတ်​စတည်းက တွယ်​တာခဲ့ရသူက ကိုကိုတ​ယောက်​တည်း ရှိတာပါ

"အရမ်းနာ​နေလား ​ဘေဘီ"
"မနာ​တော့ပါဘူး ကိုကိုရဲ့"
"ကိုကို ရန်​ဖြစ်​တာမကြိုက်​မှန်းသိရဲ့သားနဲ့ ဘာလို့ရန်​ဖြစ်​လာရတာလဲ"
"သူတို့က ​ဘေဘီကို အ​ဖေအ​မေ မရှိတဲ့ လမ်း​ဘေးက​ကောင်​လို့​ပြောကြလို့ပါ အ့လို​ပြောတာ​တောင်​ ကိုကိုစိတ်​ဆိုးမှာစိုးလို့ ​ဘေဘီသည်းခံ​နေပါ​သေးတယ်​ ဒါမဲ့ သူတို့ကထပ်​​ပြောတယ်​ ကိုကိုက အချိန်​တန်​ရင်​ ​ဘေဘီကိုစွန့်​ပြစ်​သွားမှာ တဲ့"
"အဓိပ္ပါယ်​မရှိတာ ကိုကို ​ဘေဘီကို ဘယ်​​တော့မှမစွန့်​ပြစ်​ပါဘူး"
"သူတို့​ပြောတာက..."
"ဘာ​ပြောကြ​သေးလို့လဲ"
"ကိုကိုက အချိန်​တန်​ရင်​ မိန်းမယူမှာပဲတဲ့ အ့ကျ ​ဘေဘီကို ခုလိုချစ်​မှာမဟုပ်​​တော့ဘူး တဲ့"
"ဘာလို့ငို​နေတာလဲ ကိုကိုက ဘာလို့မိန်း​မယူရမှာလဲ ​ဘေဘီသာ တဖြည်းဖြည်းအရွယ်​​ရောက်​လာပြီ မကြာခင်​ရည်းစား​တွေ ဘာ​တွေထားလာ​တော့မှာ"
"​ရည်းစားမထားပါဘူး ​ဘေဘီကကိုကို့ကိုပဲချစ်​တာ"
"​ပြောတာပဲ ​ဘေဘီ​လေး တကယ်​လို့ရှိလာရင်​လဲ ကိုကို့ကို ပွင့်​ပွင့်​လင်းလင်း ​ပြောရမယ်​​နော်​"
"😳"

❤အားကိုးမယ်​​နော်​❤Onde histórias criam vida. Descubra agora