Episode 3

2.4K 321 116
                                    

Unicode

တစ်ရွက်ချင်း နှေးတိနှေးကန်ထွက်နေတ့ဲ
Printစာရွက်တွေကို ဂျယ်ယွန်းငေးကြည့်နေမိသည်။ သို့သော် မျက်၀န်းတွေက ရီ‌ေ၀‌ေ၀နဲ့
ဘာမှမမြင်.....။

သူ့ပုံမှာလည်း ညကအိပ်မပျော်၍ လူကမျက်၀န်းဟောက်ပက်နဲ့ ပန်ဒါ၀က်၀ံနဲ့တူနေပြီး
ဆံပင်တွေကလည်း ပွဇာကျဲလျှက်။

အဆင်မပြေဘူးဆိုကာမှာ တစ်နေ့လုံး
ကိုယ့်ခုံမှာကိုယ် တစ်ချက်မထိုင်ရသေး.....

" ဂျယ်ယွန်းရှီ....လမ်းကြုံ ဒါလေးနှစ်စံုဆီ
မိတ္တူကူးပေးပါဦး...ဂျီဟွာရုံးဆင်းတော့မယ်
သားလေးကို မူကြို၀င်ကြိုရဦးမှာမို့လို့...

Customerနဲ့ appointmentက အစောကြီးချိန်းထာလို့ မနက်ရံုးလာတာနဲ့ တန်းယူမှာနော်... အရေးကြီးတယ်....ဒါဆို တာ၀န်ကျေလိုက်ပါဦး...."

ဖြတ်ခနဲ လက်ထဲရောက်လာတ့ဲ စာရွက်တစ်ထပ်ကို ဂျယ်ယွန်း ငြိမ်သက် စွံ့အစွာ
ကြောင်ပြီး ကြည့်‌ေနမိသည်။

အဲဒီ့အချိန်မှာပဲ ဘယ်အချိန်ကတည်းက
သူ့အနားရောက်နေမှန်းမသိတ့ဲ content မန်နေဂျာဆီက စကားသံကို ကြားလိုက်ရသည်။

" ဂျယ်ယွန်း.... ပေ့ချ်မှာ တင်ဖို့ပေးထားတ့ဲ
Designပြီးပြီမို့လား ဒီနေ့ dead lineလေ..."

" ဟင်.... "

ဂျယ်ယွန်း ဘာပြောရမှန်းမသိပဲ မန်နေဂျာကို
ကြည့်လိုက်တော့လည်း ထိုလူက မျက်နှာထားချိုချိုနဲ့
သူ့အဖြေကို စောင့်နေပုံရတယ်။

" ဟို.....မပြီးသေးဘူး....."

ချက်ချင်းပဲ မန်နေဂျာက တစ်ချက်ပျက်သွားတ့ဲမျက်နှာကိုထိန်းပြီး သူ့ကိုစေ့စေ့ကြည့်လာသည်။

" ဘာလို့လဲ..."

ဂျယ်ယွန်း အကြည့်ကို ကြမ်းပြင်ပေါ်လွှဲလိုက်ရင်း....

" ဒီနေ့....advertising teamရဲ့
အစ်ကိုဒိုဟွန်းက ရိုက်ကူးရေး ကူပေးပါဆိုလို့....."

" နောက်ဆိုရင် ဂျယ်ယွန်းအနေနဲ့ ဟိုစက်စက်ဒီစက်စက်ပါချင်တယ်ဆိုရင် ကိုယ့်အပိုင်းကိုယ်ပြီးအောင်တာ၀န်ယူပြီးမှ ပါစေချင်တယ်.....ပိုစ့်က ဒီနေ့ည၈နာရီတင်ရမှာ
အခုပဲ ရုံးဆင်းခါနီးနေပြီ.... ကိုယ့် dead lineတော့ ကိုယ်ပြီးအောင်လုပ်လို်က်
မပြန်ပဲ...။

SENTIMENTALWhere stories live. Discover now