Unicode
" အရမ်း ငိုမနေနဲ့လေ...
ခေါင်းတွေကိုက်လိမ့်မယ်...""ကိုက်...ကိုက်
ခင်ဗျားအပူလား...""ဟွန့်... ငါကလည်း အကောင်းပြောတာပါ။
ကျန်တာ ကိုယ့်သမိုင်းနဲ့ကိုယ်ပဲ..."ဘာမှဆက်မပြောတော့တဲ့ ဂျယ်ယွန်းက
မျက်ရည်တွေသုတ်ရင်း ဆူပုတ်ပုတ်လေးနဲ့
ရှေ့ကိုသာကြည့်နေသည်။
တစ်ချက်တစ်ချက်လည်း ရှိုက်သံပိစိလေး
ထွက်လာတတ်သည်။ခနကြာတော့ ထိုင်နေလက်စ ဝရံတာနားမှာပဲ
တစ်ရှုးရှုးနှင့်အိပ်ပျော်သွားသည်။ဆောင်းဟွန်း အိပ်ခန်းကယူလာတဲ့ စောင်းပါးစလေးကို လက်ညိုးနဲ့လက်မသုံးပုံး ဂျယ်ယွန်းကိုယ်ပေါ်ပစ်တင်လိုက်သည်။
ဂျယ်ယွန်းပါးပြင်းလေးက နည်းနည်းရဲနေတယ်။ သူစလို့ ငိုလိုက်တိုင်း ဂျယ်ယွန်းပါးပြင်တွေက ရဲနေကျပဲ။
လေတစ်ချက်ဝှေ့လိုက်တိုင်းအေးစိမ့်နေတဲ့
ခံစားချက်ကြောင့် ဂျယ်ယွန်းက သူ့ကိုယ့်ပေါ်က စောင်စလေးဆီတိုးဝင်ပြီး ဇိမ်ကျကျအိပ်သွားတာကို ဆောင်းဟွန်ကြည့်နေရင်း..." အင်း....ဘယ်လိုဟာလေးမှန်းကို
မသိဘူး..."🌸🌸🌸🌸🌸🌸
ပြောင်းလဲလာတဲ့ ပြက္ခဒိန်ရက်စွဲအချို့နဲ့အတူ
တစ်လကုန်ပြီး တစ်စတစ်စ မြို့ရဲ့ အအေးဓာတ်ကပိုပြင်းလာတယ်။စွတ်စိုတဲ့ရာသီအကူးအပြောင်းမို့
လူတိုင်းက ရာသီနဲ့လိုက်ပြီးဖျားကြနာကြနဲ့
အလုပ်ရှုပ်ကုန်ကျတယ်။" အဟွတ်...အဟွတ် "
အဲတာကြောင့်ပြောပါတယ် အရင်ရက်တွေက
ထီးသေသေချာချာယူသွားပါလို့။ဂျယ်ယွန်းက စကားသံတွေကို မရှိတဲ့လေလိုသဘောထားပြီး ဖိနပ်ကြိုးသေချာချည်နေလိုက်တယ်။
" ဒီလောက်ဖျားချင်နေတာတောင် အလုပ်ကသွားဦးမလို့လား..."
ဖိနပ်ကြိုးချည်နေတဲ့လက်တွေက တွန့်ဆုပ်သွားတာမျိုးမရှိနေတော့ ဆောင်းဟွန်က ဆိုဖာပေါ်မှီချပြီး မျက်လုံးတွေမှိတ်ထားလိုက်တယ်။
YOU ARE READING
SENTIMENTAL
Science Fictionဘုရားရေ.....ဒါဟာ ပတ်ဆောင်းဟွန် စီမံတ့ဲ ဘယ်လိုငရဲမျိုးပါလိမ့်......။ Jakehoon fan fic Myanmar Start : 20.11.2021