Episode 4(Z/U)

2.1K 265 32
                                    

Unicode


ဂျယ်ယွန်းစိတ်ထဲနွမ်းလျရှုတ်ထွေးမှုတွေ
ထမ်းပိုးပြီး နှေးကွေးစွာအိမ်ပြန်လာခဲ့ရတယ်...

နှစ်နာရီနီးပါး လမ်းမပေါ်မှာနေခဲ့တာကြောင့်
သူတစ်ကိုယ်လုံး အေးစက်နွမ်းလျနေပြီး
အတော်အိပ်ချင်နေပြီဖြစ်သည်။

ဓာတ်လှေကား ၇ထပ်မြောက်ခလုပ်ကို
နှိပ်ပြီး အပေါ်တက်လာခဲ့သည်။

ဓာတ်လှေကားတံခါးပွင့်သွားတာနဲ့
တစ်ပြိုင်နက် အပြင်ဘက်မှာ
မတ်တပ်ရပ်နေတဲ့ မိန်းကလေးတစ်ယောက်ကို
တွေ့လိုက်ရသည်။

သူလက်ရှိနေထိုင်နေတဲ့ ယခုတိုက်က
မကြာခင်မှ ဆောက်လုပ်ပြီးစီးပြီး
အရစ်ကျဝယ်ယူပြီးနေထိုင်လို့ရတဲ့
တန်ဖိုးအသင့်အတင့် တိုက်တန်းလျားအတိုဖြစ်ပြီး သူနေတဲ့ ၇လွှာမှာတော့ ဂျယ်ယွန်းအပါအဝင်
တစ်ခန်းကျော်က အဖိုးအဖွားစုံတွဲတစ်တွဲနေထိုင်တဲ့ အခန်းသာရှိသည်။

ကျန်သည့်အခန်းများမှာ ရောင်းမထွက်သေးတာကြောင့် သော့ပိတ်ထားသော အခန်းလွတ်များသာ
ဖြစ်သည်။

၇လွှာမှာ သူအပါအဝင် စုစုပေါင်း လူသုံးယောက်သာရှိပြီး တစ်ခန်းကျော်က အဖိုးအဖွားကိုမူ သေချာမနှုတ်ဆက်ဖူးသော်လည်း မျက်မှန်းတန်းမိနေသည်။ စပြောင်းလာကတည်းက ထိုအဖိုးအဖွားထံ လာရောက်လည်ပတ်သော ဧည်သည်ဆိုတာမျိုး
တစ်ခါမှမမြင်ဖူးပေ။

ယခုသူ့ရှေ့က မိန်းကလေးကမူ
နည်းနည်းထူးဆန်းလှသည်ဟု စိတ်ထဲတွေးမိသည်။

ထိုမိန်းကလေးက အနီရောင်ဂါဝန်ရှည်ကိုဝတ်ထားပြီး ဂျယ်ယွန်းကိုမြင်တော့ အနည်းငယ်
မျက်တောင်ခတ်ကာ သူမလက်ထဲက အိတ်ခပ်ကြီးကြီးကို မသိမသာအနောက်ဘက်ကို
ပို့လိုက်သည်။

ဂျယ်ယွန်းသူမကို ကြည့်လိုက်ရင်း နည်းနည်း
မြင်ဖူးသလိုလို ရှိသည်ဟုခံစားမိသော်လည်း
ထင်ယောင်ထင်မှားဖြစ်တာပဲဟု တွေးကာ
ဓာတ်လှေကားထဲကထွက်လိုက်သည်။

ခြေလှမ်း ၅လှမ်းလောက်လှမ်းပြီးခါမှ
အနောက်ပြန်လှည့်ကြည့်မိတော့
သူမဝင်သွားတဲ့ဓာတ်လှေကားက
ပိတ်သွားပြီး တစ်လွှာချင်းဆီအောက်ကို
ပြန်ဆင်းနေကြောင်းဆက်တိုက်မြင်နေရပြီး
Groundမှာ ရပ်သွားသည်။

SENTIMENTALWhere stories live. Discover now