Ep-8

2.9K 317 103
                                    




တစ်ညနဲ့နှစ်ရက်ကြာပြီးနောက် သူတို့ရဲ့ Trip လေးပြီးဆုံးသွားတော့ နောက်တစ်ရက်ကျောင်းတက်ရက်မှာ အတန်းလေးက အရင်လိုဟေးလားဝါးလားနဲ့ ပြန်စည်ကားလာသည် ။

အတန်းA မှာတော့ Yoongi ဟာ စာထဲစိတ်မရောက်ဘဲ အပြင်ဘက်ကိုသာ မကြာခဏငေးကြည့်နေလေသည် ။ ဒီမနက်သူကျောင်းကို အစောကြီးလာခဲ့ပေမယ့် ခုထိ Jimin ရဲ့အရိပ်အယောင်ကိုမတွေ့သေး ။ ပြောရမယ်ဆိုရင် Trip က ပြန်လာပြီးကတည်းက Jimin ကို မတွေ့ဖြစ်တော့တာဆိုပိုမှန်မည် ။

Jiminie နေမကောင်းဘူးလား ။ ဟာ .... လွဲပါစေ ဖယ်ပါစေ ။ သူ က အမြဲတမ်းတက်ကြွလန်းဆန်းနေတာ ဘယ်မှာ နေမကောင်းတာမျိုး ရှိလာနိုင်ပါ့မလဲ ။

ဒါဆို သူဘာလို့ကျောင်းမလာတာလဲ ။ အော် .... သူ့မှာ တစ်စုံတရာအခက်ခဲရှိနေလို့ ဖြစ်မှာပေါ့ ။

သူ့မှာရှိနေတဲ့ အခက်အခဲက ဘာများဖြစ်နိုင်မှာလဲ ။ ဘာကြောင့် ငါက ဘာမှမသိရတာလဲ ။ Jiminie ငါ့အနားကနေ ထွက်သွားဖို့ တကယ်ကြိုးစားနေတာများလား ။

ဖြစ်နိုင်တယ် ...... Jiminie က စိတ်နုတယ် ။ လူတွေအပေါ်သနားတတ်တယ် ။ ပြီးတော့ သူက ကြောက်တတ်သေးတယ် ။ ငါက ထွက်သွားလို့ပြောတာနဲ့ သူက ချက်ချင်းကိုထွက်သွားဖို့ပြင်နေတာ ။

ဟင် ........... ဒါဆို ငါတော်တော်လေး လွန်သွားပြီလား ။ မဖြစ်ဘူး......... သူ့ကို သွားရှာမှ ။ ငါ့ကိုရှောင်ပုန်းနေစရာမလိုဘူးဆိုတာ သူသိအောင်ပြောပြရမယ် ။

တော်ရုံကိစ္စနဲ့တော့ သူဟာ Admin ဌာနကို အကူညီတောင်းခံတာမျိုးမရှိဖူးပေမယ့် အခုတော့ သူ လုပ်ပိုင်ခွင့်အာဏာသုံးမှရတော့မည်ထင်သည် ။ သူဟာ Jimin ကိုတွေ့ရဖို့နောက်ထပ် မိနစ်ပိုင်းလေးတောင်မစောင့်နိုင်တော့ ။ ဒီလိုတွေဖြစ်လာမှာကိုစိုးရိမ်လို့ အစကတည်းက ဒီကောင်လေးကို နှင်ထုတ်ဖို့ကြိုးစားနေရက်မှ ခုတော့ ငြိတွယ်ဖြစ်အောင် ငြိတွယ်မိသေးတယ် ။

ဆောရီး.......... Park Jimin ....... ငါမင်းကို လွယ်လွယ်နဲ့လက်မလျှော့နိုင်ဘူး ။ သတိပေးနေရက်နဲ့ ငါ့အနားရစ်သီရစ်သီလုပ်ခဲ့ပြီးမှ ခုမှထွက်ပြေးဖို့မကြိုးစားနဲ့တော့ ။

Feel My Thundercloud   { Yoonmin }  Zawgyi Complete 👌💯Where stories live. Discover now