Ep-12

2.3K 295 58
                                    




လွန်ခဲ့သော သုံးနှစ် Assumption ကိုယ်ပိုင်အထက်တန်းကျောင်းရဲ့ အလယ်တန်းနှောက်ဆုံးနှစ်အခန်းမှာ Jeon Jung kook ဟာ Min Yoongi ခုံပေါ်က လက်ဆောင်ပစ္စည်းတစ်ချို့ကိုကြည့်ပြီး စနောက်နေလေသည် ။ ထိုအချိန်က သူတို့ဟာ အလယ်တန်းကျောင်းသားပင် ရှိသေးသော်လည်း စန်းပွင့်မှုက တခြားအထက်တန်းနှစ်က စီနီယာတွေကိုတောင် ကျော်လွန်နေလေသည် ။

" Yoongi ah ........ ဒီ သိုးမွေးပုဝါလေးက မင်းနဲ့လိုက်မှာပဲ ။ နောက်နေ့ စည်းလာကြည့်ပါလား "

" နားညည်းလိုက်တာ ....... ဒါတွေအကုန် ပစ်ထုတ်လိုက်စမ်းပါ .. မျက်စိနှောက်လွန်းလို့ "

Min Yoongi ဟာ ဘယ်တော့အခါမှ သူ့ခုံပေါ်ကိုရောက်လာတဲ့ ပစ္စည်းတွေကို လက်နဲ့တောင်မတို့ထိတတ် ။ ဒါတောင် ဒီနေ့အထိ လက်ဆောင်ပစ္စည်းတွေက အဆက်မပြတ်ရောက်လာတုန်း ။

" Yoongi ....... ဒါလေး ချစ်စရာလေး ကြည့်လိုက်ပါဦး ။ အရုပ်လေးတွေနဲ့ ကွတ်ကီးလုပ်ထားတာ ... စားတောင် မစားရက်ဘူး ။

Jungkook ပြောတော့ ချစ်စရာလေးတွေလို့ပြောတဲ့ ကွတ်ကီးမုန့်လေးတွေကို Yoongi ကြည့်လိုက်မိသေးတယ် ။ အဟုတ်ပဲ ...... Jungkook ပြောသလိုချစ်စရာလေးတွေ ။ ပုံမှန်အတိုင်းဆို Yoongi က လွှင့်ပစ်လိုက်လို့ပြောတတ်လို့ Jungkook က Yoongi ကိုပင်ခွင့်မတောင်းဘဲ ကွတ်ကီးမုန့်လေးကို ယူစားလိုက်သည် ။ ထိုချိန် Jungkook လက်ထဲက ကွတ်ကီးဗူးလေးဟာ လုယူခံလိုက်ရသည် ။

" ငါ မင်းကို စားခိုင်းလား .........."

" Wae ........ ကွတ်ကီးမုန့်ဆိုတော့ အချိုးက ချက်ချင်းကိုပြောင်းသွားတယ် ။ ဒါနဲ့ မင်း ကွတ်ကီးကြိုက်တတ်တာ ငါတို့အပြင် ဘယ်သူတွေက သိနေတာလဲ ။ ဟိုအရင်က မင်းကိုဘယ်သူမှ ဒါမျိုးမပေးဖူးပါဘူး "

Yoongi ဟာ ဗူးထဲကနေ ကွတ်ကီးတစ်ခုကို ယူပြီး ကိုက်ဝါးလိုက်သည် ။ တစ်ခဏအတွင်းပင် Yoongi ရဲ့မျက်လုံးတွေက လဲ့လာပြီးနူတ်ခမ်းပါးပင် ပြေပြေလေးပြုံးမိသွားသည် ။

" မသိဘူး ......... သိချင်စိတ်လည်းမရှိဘူး ။ ဒါပေမယ့် ဒီမုန့်ကိုတော့ အိမ်ယူပြန်ရမယ် ။ ဒီအရသာအတိုင်း Ajima ကို ပြန်လုပ်ခိုင်းမလို့ "

Feel My Thundercloud   { Yoonmin }  Zawgyi Complete 👌💯Where stories live. Discover now