Ep-3

3.4K 367 115
                                    



Assumption ကိုယ်ပိုင်အထက်တန်းကျောင်းရဲ့ ကျောင်းဂိတ်ဝမှာ ကျောင်းဆင်းချိန်ပြီးသွားသော်လည်း မပြန်သေးသည့် ကျောင်းသားကျောင်းသူအများအပြားရှိကြသည် ။ အကြောင်းကာ နေ့လည်က Min Yoongi ပြောသွားသည့် စကားတစ်ခွန်းကြောင့်ဖြစ်သည် ။ Jimin သည်စိတ်ကျဉ်းကျပ်သလိုပုံစံနဲ့ ဂိတ်ဝမှာရပ်နေပြီး သူ့ကိုစောင့်ကြည့်နေသည့် ကျောင်းသူကျောင်းသားတွေကို မရင်ဆိုင်ရဲသလို ခေါင်းငုံ့ထားလျှက် မြေပြင်ကိုသာ စိုက်ကြည့်နေလေသည် ။

သိပ်မကြာမှီအချိန်တွင် အနက်ရောင်ကားတစ်စီးသည် Jimin ၏ ရှေ့ထိုးရပ်လာပြီး ၀တ်စုံအပြည့်ဝတ်ဆင်ထားသည့် လူတစ်ဦးသည် Jimin ရှေ့ခြေစုံရပ်ကာ ကားတံခါးကိုဖွင့်ပေးလိုက်သည် ။

" ဒီက ကျောင်းသားကို အကိုလေးက အကြိုလွှတ်လိုက်တာပါ ......... ကားပေါ်တက်ပေးပါ ကျောင်းသားလေး "

" Nae........."

Jimin ယဉ်ကျေးစွာပင်ဦးညွှတ်ကာ ကားပေါ်တက်သွားတော့ ကျန်ခဲ့သည့် ကျောင်းသူ ကျောင်းသားများက မျက်လုံးအ၀ိုင်းသားနှင့် ။ ဒါဆို jimin လိမ်တာမဟုတ်ဘူးပေါ့ ။ Jimin က Yoongi Sunbae နဲ့တကယ်ပဲရင်းနှီးတာပဲ ဆိုသည့်စကားက ကျောင်းသူကျောင်းသားတွေကြား ခိုင်မာသည့်သတင်းတစ်ခုလိုပြန့်နှံ့သွားသည် ။

Jimin စီးလာသော ကားလေးသည် ကျယ်ဝန်းသောခြံဝန်းကြီးထဲ ကွေ့ဝင်လာသောအခါ Jimin ၏ မျက်လုံးများသည် အံသြမှုနှင့်အတူ အထင်ကြီးခြင်းများစွာနဲ့ နန်းတော်သမျှခန်းနားသော ခြံကြီးကို ငေးမောကြည့်လျှက် ။ Yoongi Sunbae တို့ကချမ်းသာမှန်းသိသော်လည်း ဒီလောက်ထိ နန်းတော်တစ်ခုလိုကြီးကြယ်ခမ်းနားသည့် အိမ်ကြီးရှိလိမ့်မယ်မထင်ခဲ့ ။

ကားလေးသည် အိမ်တော်ရှေ့သို့ရောက်သော် အိမ်အကူများက ထွက်လာပြီး Jimin ကို နေရာတစ်ခုသို့ခေါ်ဆောင်သွားကြသည် ။ အစကနေအဆုံးထိ ပါးစပ်အ၀ိုင်းသားနှင့်လိုက်လာသည့် Jimin သည် ပြာလဲ့သောရေကူးကန်နားရောက်သော် Swimming pool bar မှာ ကျောင်းဝတ်စုံနဲ့ပင် ထိုင်နေသည့် လူနှစ်ဦးကိုမြင်မှ သွားတွေအကုန်ပေါ်တဲ့အထိ ပြုံးပြလိုက်သည် ။

" Sunbaenim..........."

သူကသာ ဖော်ရွေစွာပြုံးပြလိုက်တာ ဟိုနှစ်ယောက်က သူ့ကိုယောင်လို့တောင်ပြန်ပြုံးမပြ ။ ထိုနှစ်ယောက်ကား Yoongi နှင့် Jungkook ။ Jungkook မျက်နှာက ပုံမှန်အတိုင်းဖြစ်နေသော်လည်း Yoongi မျက်နှာက သိသိသာသာတင်းမာနေသည် ။

Feel My Thundercloud   { Yoonmin }  Zawgyi Complete 👌💯Where stories live. Discover now