Cat's [ ကြောင့်ဟာ ] 🐱
' ဟေ့ ... ကြောင်ဂွေးကျိ ... '
ကျောပိုးအိတ်ကြိုးလေးကို လက်နှစ်ဖက်နဲ့ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း မြောက်ကြွမြောက်ကြွ ခုန်ပေါက်လာသူ ကောင်ငယ်လေးသည် အဆိုပါ ခေါ်သံ အဆုံးတွင် ဒေါသတကြီး လှည့်ကြည့်လာလေသည် ....
' Shiiiii ... သားကို အဲ့လိုကြီး မခေါ်နဲ့လို့ ပြောထားတယ်မလား .. သူများတွေကြားကုန်ရင် လှောင်ခံရတော့မှာ .. '
စွာတာတာ အသံလေးနှင့် မျက်စောင်းထိုးအော်ဟစ်လာသော ကောင်ငယ်လေးကို သူစိတ်မကွက်အားသေး ...
အနီရဲရဲ Shirt ပွပွကြီးထဲတွင် မြုပ်နေခြင်းအား အရင် အူထဲတွင် လှိမ့်လှိမ့်ယားနေမိ၏ ..' အိမ်ခြံထဲပဲ ရောက်နေပြီကို ...
ဘယ်သူမှ မကြားပါဘူး အိစိလေးရာ ... '' ကြည့် !! ဒီလူကြီးတော့ ... '
မကျေမနပ် ရေရွတ်ပြီးနောက် လျှာလေးအားသပ်ကာ ပါးစပ်တပြင်ပြင် ဖြစ်နေပြီ ....
သေချာတယ် .. အဆိုးအဆာလေး Baekhyunee သူ့မေမေကို လှမ်းတိုင်တော့မယ် ..' မေမေရေ .....
ဘေးအိမ်က ဘဲအိုကြီးသားကို လာစနေပါတယ် .. 'Chanyeol အထင်နှင့်အမြင် လုံးဝမလွဲအောင်ကို အဆိုးလေး၏ အတိုင်အတောထူခြင်းကား စတင်လာလေပြီ .....
ဂွပ် !!!!!!
' အား .. မေမေ့ .. !
သို့သော် ကံမကောင်းရှာသော အဆိုးအဆာလေးမှာ မေမေ့၏ လက်သံပြောင်မှုဖြင့် ထိပ်လေးတွင် အာလူးထမတတ် ခေါက်ခံလိုက်ရခြင်းသာ အဖတ်တင်ရှာ၏ ...
' လူကြီးကို နင့်သူငယ်ချင်းမှတ်နေလို့
ဘဲအိုကြီးတွေ ဘာတွေ လုပ်နေရသလား ...
ဒီ အဆိုးအရွားလေးကတော့ အလိုလိုက်လေ ဆိုးလေပဲ ..... '' သူက သားကို လာစနေတာကြီးကို .. '
ဆူပုတ်ပုတ်ဖြင့် ခေါင်းလေးပွတ်လျှက် အိမ်ထဲသို့ခြေဆောင့်ဝင်သွားသော သူ့ အိစိအဆိုးအပေလေး .... မျက်စောင်းတစ်ချက်က ပစ်ကျွေးသွားရသေးသည် .....