CAT'S [ ကြောင့်ဟာ 🐱 ]
ပထမဆုံး အတူနိုးထခွင့်ရတဲ့
မနက်ခင်းလေးမှာ ...
လူပျိုကြီးတစ်ယောက်ကတော့
လုံ့လဝီရိယ ကြီးစွာနဲ့ နိုးနေပြီဆိုပေမယ့် ...အဆိုးအဆာလေးက
စောင်ပုံထဲ ကွေးကောင်းတုန်း ...Romantic ဆန်တဲ့မနက်ခင်းမျိုးရရှိဖို့အတွက်
အိပ်နေတဲ့ကလေးကို နှိုးပြီး ..
အပူကပ်တာမျိုး မလုပ်ချင်တဲ့အတွက် ..
တစ်ယောက်တည်းပဲ အိပ်ယာက
ထလာလိုက်တယ် ...ကိုယ့်ဟာကိုယ် ကြည်နူးစိတ်နဲ့အတူ ...
သည်းငယ်လေးအတွက် မနက်စာပြင်ဖို့ရာ ..
ရေခဲသေတ္တာကို ဖွင့်ပြီး ..
ခေါင်းတလှုပ်လှုပ်နဲ့ ဟိုဒီစုံရှောက်
ရှာဖွေနေရင်း အကြံရသွားတာက .......သည်းငယ်လေး သိပ်ကြိုက်တဲ့
ကင်ချီမ်ထမင်းကြော် ကြော်ဖို့ ....အကြံရတာနဲ့ လက်ဖျောက်လေးတစ်ချက်တီးပြီး
လိုအပ်တာတွေ မွှေနှောက် .. ပြင်ဆင်ကာ
ထမင်းကြော်ကြော်ဖို့ စတင်တော့သည် ...အရင်က အိမ်ကိုလာလည်တိုင်း ..
ကင်ချီမ်ထမင်းကြော် ကြော်ကျွေးဖို့ ...
ကြောင်ဂွေးစိလေး တစာစာပူဆာ
တတ်သည်လေ ....ကိုယ့်လက်ရာဆို ခေါင်းမဖော်တမ်း
စားတတ်တဲ့ ကလေးငယ်လေးရဲ့ပုံကို
မြင်ယောင်ပြီး ပြုံးမိတာလည်း အခါခါပင် ...အသည်းပုံ ကြက်ဥကြော်လေးကို
ကလေးငယ်စားမယ့် ထမင်းကြော်ပန်းကန်ပေါ်
အုပ်ပြီးတာနဲ့ မနက်စာပြင်ဆင်ခြင်းကို
လက်စသတ်ပြီး အပေါ်ထပ်ကိုပြေးတက်လာ
ခဲ့သည် ...တစ်မနက်ထလုံးလည်း လေလေးတချွန်ချွန် ...
ပါးချိုင့်ကြီးတစ်ဖက်ဖြင့် တပြုံးပြုံး ......' သည်းငယ်လေး '
စောင်ဖြူဖြူထဲ လုံးနေအောင်ကွေးနေသော
ပုစွန်ထုပ်လေး၏ ကျောပြင်လေးအား
လက်နှင့် အသာပုတ်ကာ နှိုးတော့
အလိုမကျဟန် တအင်းအင်းတအဲအဲအသံပြု ပြီး
စောင်ကို ပိုလုံအောင်ဆွဲပစ်သော
အဆိုးလေး ...