CAT'S [ ကြောင့်ဟာ 🐱 ]
မျက်နှာလေးအောက်ကိုငုံ့ ဒူးလေးကိုစေ့ပြီး လက်နှစ်ဖက်ကို တင်းတင်းပိုက်ကာ ထိုင်နေရတဲ့ အဆိုးအဆာလေး ဘတ်ဟျွန်းနီ ရဲ့ အဖြစ်က တကယ့်သနားစရာ ........
ရှေ့တည့်တည့် Sofa ပေါ်မှာထိုင်ပြီးစိုက်ကြည့်နေတဲ့ ဖေဖေနဲ့မေမေ တို့ရဲ့ မျက်နှာတွေက တကယ်အကြီးအကျယ်ကြီး စိတ်ဆိုးနေသည့်ပုံမို့ အဆိုးလေးမှာ မဝံ့တဝံ့ မျက်လုံးလေး လှန်လှန်ကြည့်နေရသည် .........
' ဖေဖေ့ ကိုပြောစမ်း ဘတ်ဟျွန်းနီ ..
အဲ့ဒီ မကောင်းတဲ့ နေရာကို ဘာလို့သွားရတာလဲ .... အလိုလိုက်ထားလို့ ဆိုးချင်နေပြီလား 'မေမေရိုက်တာထက် ဖေဖေအော်တာက ပို၍ဝမ်းနည်းစေသည်မှာ ကလေးတိုင်းအတွက်ဖြစ်၍ ဘတ်ဟျွန်းနီ မျက်ရည်တွေပင်ဝဲလာရသည် ......
' သားက မလိုက်ဘူးလို့ပြောတယ် .....
ဂျုံအင် ကမရဘူးတဲ့ .....
မလိုက်ရင် သားကိုမပေါင်းတော့ဘူးတဲ့ 'တုန်တုန်ရီရီ အသံလေးနှင့် ပြိုတော့မည့်မိုးလို မျက်နှာလေးငယ်နေရှာသော အိစိလေးကြောင့် ဘေးမှ ထိုင်ကြည့်နေသော Chanyeol မှာလည်းစိတ်မကောင်းဖြစ်ရသည် ........
ဒါပေမယ့်လည်းပေါ့နော် ....
ဒီလို နေရာမျိုးနဲ့ အိစိလေးကို နည်းနည်းလေးမှ မအပ်စပ်စေချင်တဲ့အတွက် ကိုယ်ကပဲ လူဆိုးကြီး ဝင်လုပ်ရမယ်မလား ........' ဂျုံအင် ခေါ်တိုင်းလိုက်စရာလား ...
အဲ့လို နေရာဟာ သွားသင့်တဲ့နေရာလား မသွားသင့်တဲ့ နေရာလားဆိုတာ ကိုယ့်ဟာကိုယ် မဆုံးဖြတ်နိုင်ဘူးလား ဘတ်ဟျွန်းနီ ....... '' ဦးလေးကြီး မပြောနဲ့ ......
ဦးလေးကြီးကြောင့် သား ဆူခံနေရတာ ... '' လူကြီးက ဆုံးမနေတာကို ပြန်အော်စရာလား ဘတ်ဟျွန်းနီ ...
ဖေဖေမင်းကို ဒီတစ်ပတ်မုန့်ဖိုး လုံးဝမပေးဘူး
အဲ့ဒါမှ ကိုယ့်အပြစ်တွေကိုယ် မသိသေးရင် တစ်လလုံး မုန့်ဖိုးဖြတ်ခံရမယ်မှတ် ..... '