Zawgyi version
"ပြန်လာပြီလား?"
Studioမှအိမ်သို့ပြန်ရောက်လျှင်ရောက်ချင်း ကြားလိုက်ရသည်က ရေချိုးပြီးခါစမို့ သပတ်ဖြင့်ခေါင်းသုတ်ရင်းမေးလာသော ထယ်ယောင်းရဲ့လောကွတ်စကား။ ထယ်ယောင်း၏စကားကြောင့် ဆိုဖာပေါ်ထိုင်လျက်မုန့်ထုပ်ပိုက်ကာTVကြည့်နေသော ဂျုံးဂုကသူ့အားကြည့်လာ၏။
ထယ်ယောင်းရဲ့ပျူငှါမှုကိုခေါင်းညိတ်ကာအသိအမှတ်ပြုလိုက်ပြီးလူကတော့TVကြည့်နေသော ဂျုံးဂုဘေးဆိုဖာလွတ်ပေါ်တွင်ဝင်ထိုင်လိုက်ကာဆိုဖာနောက်ခေါင်းမှီရင်းမျက်ဝန်းတို့ကိုမှေးမှိတ်ကာ အမောဖြေမိသည်။ သူတစ်လမ်းလုံးပြေးလွှားလာခဲ့သည်ဘဲ။
"ဒီနေ့အဆင်ပြေခဲ့ရဲ့လား"
ဆပ်ပြာနံ့ခပ်သင်းသင်းကိုအနည်းငယ်ရှူရှိုက်မိလိုက်သည်နှင့်သူ့ဘေးတွင်ထယ်ယောင်းလာရပ်မှန်းသိလိုက်သည်။
ဟျောင်းနဲ့featuringအကြောင်းပြောပြထား၍ သူ့အခြေအနေကိုသိနေသောထယ်ယောင်းအားမျက်ဝန်းတို့ကိုမှိတ်လျက်လက်ညှိုးနဲ့လက်မကိုဝိုင်းကာမြှောက်ပြလိုက်ပြီးအဆင်ပြေကြောင်းမုသားဆိုမိသည်။ ပြန်မြင်ယောင်လာသည်ကဟျောင်းရဲ့ပုံရိပ်အချို့။ ဟင့်အင်း...အဆင်မပြေဘူး။ကိုယ်မုန်းမေ့ဖို့ကြိုးစားနေတဲ့သူတစ်ယောက်ကိုနေ့တိုင်းမျက်နှာချင်းဆိုင်တွေ့ပြီးနေရတာလုံးဝအဆင်မပြေဘူး..။ ဘယ်တုန်းကမှဟျောင်းနဲ့ရင်ဘတ်ချင်းမနီးစပ်ဖူးတဲ့သူတစ်ယောက်လိုဟန်ဆောင်နေရတာလည်းလွယ်ကူမနေဘူး.။ ဟျောင်းနဲ့အတူရှိနေတိုင်းအခုန်မြန်နေတဲ့ရင်ခုန်သံတွေကိုလျစ်လျူရှုရင်းတစ်ချိန်လုံးဟန်ဆောင်မျက်နှာဖုံးနဲ့နေရတာလည်းသေလောက်အောင်ပင်ပန်းတယ်..။ ဟျောင်းနဲ့အရင်လိုပြန်အဆင်ပြေချင်ပေမဲ့သတိထားမိသလောက်သူ့အပေါ်နည်းနည်းလေးတောင်စိတ်ယိုင်ခြင်းမရှိတော့တဲ့ဟျောင်းကြောင့်လက်လျော့မိသည်ကအကြိမ်ကြိမ်။
ဟျောင်းတကယ်သူ့ကိုထားခဲ့နိုင်ပြီလေ....။ ဟျောင်းအတွက်သူဟာစိတ်ပျက်စရာကောင်းနေခဲ့ပြီမဟုတ်ပါလား။
မယုံကြည်နိုင်လောက်တောင်ထုံကျင်နေခဲ့တဲ့သူ့နှလုံးသားဟာအခုတော့နာကျင်မှုကိုခံစားလာရသည်။ ဟျောင်းနဲ့ပတ်သက်ရင်မျက်ရည်လွယ်တဲ့သူ..။ နာကျင်မှုတို့ကမျက်ရည်အဖြစ်မပြောင်းခင်မျက်ဝန်းတို့ကိုဖွင့်ကာဧည့်ခန်းတစ်ဝိုက်မျက်စိဝေ့ကြည့်မိသည်။ 'ဂျင်းဟျောင်းရော'ဟုမေးခါနီးမှ မီးခိုချောင်ကပျံ့လွင့်လာသည့် ဟင်းနံ့မွှေးမွှေးကြောင့်စကားဘရိတ်အုတ်လိုက်ရသည်။ ဂျင်းဟျောင်းမီးဖိုချောင်ထဲမှာဟင်းချက်နေသည်ဘဲ။