ZAWGYI VERSION
မဟူရာကောင်းကင်ပြင်၌ ငွေမှင်ရောင်လဟာတိမ်ညိုတို့ကြားပုန်းဝှက်လျက်ရှိသောကြောင့် လ၏အလင်းရောင်အားအမှီပြုကြသောကြယ်တို့သည်တောက်ပခြင်းအလျင်းမရှိတော့။ မှိုင်းညို့သောညအမှောင်ထုအားအေးစက်သောလထုကတန်ဆာဆင်လာသည်။ လုံလောက်စွာတောက်ပမှုမပေးနိုင်သောလမ်းဘေးမီးတိုင်တို့အောက်လမ်းမထပ်၊ အေးမြသောလေပြည်တို့ကြား သူစိမ်းမဟုတ်သောသူစိမ်းကောင်လေးနှစ်ယောက်ဟာ အေးစက်သောညလေတို့နှင့်အပြိုင်...။
ခွပ်!!!*
"ဘာလို့လဲ?!!"
မကျေမချမ်းမှုတို့အပြည့်ဖြင့်ဟိန်းထွက်လာသောအသံ။ သိပ်ချစ်လို့ပါဟု ကလေးငယ်၏အမေးအားအဖြေပေးချင်ပါသော်လည်းထိုးနှက်ခံပါးစောင် ကြောင့်မည်သည့်စကားလုံးတို့မှထွက်ကျမလာခဲ့။
"ဘာလို့ကျွန်တော့်ကိုဘာမှမပြောပြခဲ့တာလဲ?"
လေပြည်တစ်ချက်အဝှေ့အတိုက်နဲ့အတူယွန်းဂီမျက်နှာပေါ်ထပ်မံကျရောက်လာသောလက်သီးချက်။ မကြာသေးမီကမှမိမိကိုယ်တိုင်အပြစ်ပေးထားသောပါးပြင်တို့ဟာကလေးငယ်၏လက်သီးချက်တို့အောက်သည်းမခံနိုင်တော့လောက်အောင်နာကျင်လာပါသော်လည်း၊ အားထည့်ကာတွန်းထုတ်ပစ်လို့ရပါသော်ငြားသူဟာမလှုပ်မယှက်။
"ဘာလို့လဲလို့..ကျွန်တော်မေးနေတယ်လေ"
ရပ်တန့်သွားသောလက်သီးဆုပ်ကလေးနဲ့အတူ၊ ဝမ်းနည်းမှုသင်္ကေတမျက်ရည်တစ်စက်ဟာကလေးငယ်၏မျက်ဝန်းတို့မှတစ်ဆင့်သူ့ပါးပြင်ထပ်ရွေ့ပြောင်းလာသည်။ သူ့အင်္ကျီကော်လံစအားတင်းတင်းဆုပ်ကိုင်လျက် သူအပေါ်ခွကာထိုင်ထားသောအကောင်ပေါက်ငယ်လေးဟာ မည်သည့်စကားမျှမဆိုပါဘဲ အရည်လဲ့မျက်ဝန်းတို့ဖြင့်သာသူ့အားစိုက်ကြည့်နေလေရဲ့။
ပိန်သွားလိုက်တာ..။
အရင်လိုပါးဖောင်းဖောင်းလေးတွေမရှိတော့ဘူး။
ချီလိုက်တိုင်းနစ်နေအောင်လေးသောခန္တာကိုယ်လေးဟာ
ဝတ်ထားတဲ့ကုတ်အင်္ကျီကြီးအောက်မှာစုန်းစုန်းမြုပ်နေပြီ။
သူ့ကိုယ်ပေါ်ကိုတတ်ထိုင်ထားသော်လည်းဝါဂွမ်းစလေးလို.၊ လေးပင်မှုဒဏ်ကိုနည်းနည်းမျှတောင်မခံစားရ။ ကျစ်...ကိုယ်အနားမှာမရှိလည်းကိုယ့်ကိုကိုယ်ဂရုစိုက်ဖို့အကြိမ်ကြိမ်ပြောထားခဲ့ရဲ့နဲ့လေ။