Zawgyi version
အိပ်ခန်းတံခါးကိုဖွင့်ကာကျော်လွန်၍ဧည့်ခန်းထဲသို့ရောက်သည်နှင့်စိမ်းသက်သောအငွေ့အသက်တို့နဲ့ရင်ဆိုင်လိုက်ရသည်။ သူလာသည်ကိုသိသော်လည်းမသိချင်ယောင်ဆောင်နေသောဂျုံးဂု။ ဆိုဖာပေါ်တွင်ထိုင်ရင်းဖွင့်ထားလျက်သားTVအားမျက်တောင်မခတ်တမ်းကြည့်လျက်.ရင်ခွင်ထဲမှမုန့်ထုပ်ကိုနှိုက်ကာအေးအေးလူလူစားနေသော်လည်းဂျုံးဂုကသူ့အားစိတ်ဆိုးမပြေသေးသလိုအသွင်ဆောင်၏။
"ဂျုံးဂု"
သူခေါ်သည်ကိုမကြားသလိုလျစ်လျူရှုဟန်ဆောင်ရင်းသူ့မုန့်ထုပ်ကိုသာကိုင်လျက်ဂျုံးဂုကထိုင်နေရာမှထကာမီးဖိုချောင်သို့ဝင်သွားသည်။ ဂျုံးဂုကျောပြင်ကိုကြည့်ရင်းခေါင်းငိုက်စိုက်ကျသွားသည်ကသူပင်။ ရင်ထဲမှအောင့်သက်သက်ခံစားမှုကတစ်ဟုန်ထိုးဝင်ရောက်လာ၏။
သဘောမကျရင်တောင်၊ သဘောမတူနိုင်ရင်တောင်မှသူ့ဆုံးဖြတ်ချက်မို့လေးစားပေးသင့်သည်မဟုတ်ပါလား။
သူလည်းထိုဆုံးဖြတ်ချက်ချခဲ့ရသည်မှာလွယ်ကူခဲ့သည်တော့မဟုတ်ခဲ့။ တစ်ဘဝလုံးအတွက်မက်ခဲ့သည့်အိမ်မက်ကိုစွန့်လွှတ်ဖို့ဆုံးဖြတ်ခဲ့တာသူ့အတွက်ဘယ်လောက်ပင်ပန်းပြီး ဘယ်လောက်ခက်ခဲမှန်း
ထိုအိမ်မက်တစ်ခုတည်းကိုအတူထုဆစ်နေတဲ့လူတွေကပိုသိသင့်သည်။ ထိုခက်ခဲလွန်းလှသောဆုံးဖြတ်ချက်ကိုအချိန်ယူ ချခဲ့တဲ့သူ့ကိုထွေးပွေ့မပေးတောင် နှစ်သိမ့်ပေးရမည့်အစားအခုလိုရှောင်ခွာနေသည်ကသူ့ရင်အားစို့နစ်လာစေ၏။"ဂျီမင်း"
အနားသို့လာရပ်ရင်းသူ့ပုခုံးတစ်ဖက်ပေါ်လက်တင်ကာဆုပ်ကိုင်လိုက်ပြီးအားပေးသလိုသဘောဆောင်လာသောထယ်ယောင်း။ သူ့အားဆွေးမြေ့စွာကြည့်နေသောထယ်ယောင်းကိုမပီသသောအပြုံးတစ်ခုဖြင့်တုံ့ပြန်မိလိုက်သည်။
"ဂျုံးဂုကမင်းကိုစိတ်ဆိုးနေတုန်းမို့ပါ"
"..."
"တကယ်ဆုံးဖြတ်လိုက်ပြီလား?"
"ငါအချိန်အကြာကြီးယူပြီးစဉ်းစားကြည့်ခဲ့တယ်..ထယ်ယောင်း...ငါအရမ်းပင်ပန်းနေပြီ"