Heartbeat

1.6K 166 13
                                    

ကျောင်းလွှတ်​ချိန်​နာရီဝက်​ကို​ကျော်​​နေ​ပေမယ့်​ အိမ်​က
ကားက​ရောက်​မလာ​သေးတာ​ကြောင့်​sehun​ကျောင်း
နံရံကိုမှီရင်း​​လွယ်​အိတ်​ထဲက​ဆေးလိပ်​တစ်​လိပ်​ကို
ထုတ်​ကာရှိုက်​သွင်းလိုက်​သည်​။

ခပ်​ထူထူမီးခိုး​ငွေ့​တွေကိုနှုတ်​ခမ်းကတစ်​ဆင့်​မှုတ်​ထုတ်
ရတဲ့အရသာကိုsehunနှစ်​သက်​တက်​​နေပြီ​လေ။
နှုတ်​ခမ်းကြားက​ဆေးလိပ်​​ငွေ့​တွေက​လေဟာနယ်
ထဲဦးတည်​ရာမဲ့ပျံ့လွင့်​သွားတာကိုကြည့်​ရင်းခပ်​​ပါးပါး
လေးပြုံးလိုက်​မိသည်​။

ထိုလူသားက​ဆေးလိပ်​​ငွေ့​တွေနဲ့တူသည်
ဖမ်းဆုပ်​ကိုင်​နိုင်​ဖို့ခဲယဉ်းတဲ့ဒီအ​ငွေ့​တွေဟာ
သူ့နှလုံးသားများလား?
မက်​​မောမိသည်​ကို​တော့ဝန်​ခံရပါမည်

" ​ဟေ့​ရောင်​ .... sehun ...
ဟိုမှာမင်း ကိုကိုမှတ်​လား? "

အ​တွေးထဲ​မျော​နေသည့်​Sehunသည်​​ဘေးက
minhoရဲ့အသံ​ကြောင့်​နံရံကိုမှီထားသည့်​ခန္ဓာ
ကိုယ်​ကိုမတ်​ပြီးပတ်​ဝန်းကျင်​ကိုတစ်​ချက်​​ဝေ့ကြည့်
လိုက်​သည်​။ sehunတို့ရပ်​​နေသည့်​လမ်းရဲ့
တစ်​ဖက်​ခြမ်းတွင်​ရှိ​နေသည့်​မာစီဒီးအမဲ​ရောင်
ကားကြီးနဲ့အတူမျက်​​မှောင်​ကျုံ့ကာsehunကို
စိုက်​ကြည့်​​နေသည့်​chan ....

လက်​ထဲက​ဆေးလိပ်​တိုကိုကပျာကယာပစ်​ချပြီး
ဖိနပ်​ထိပ်​နဲ့ဖိ​ချေလိုက်​သည်​။ ဖြုတ်​ထားမိသည့်
အကျီအ​ပေါ်ကြယ်​သီးနှစ်​လုံးကိုပြန်​တပ်​ရင်းChan
ရှိရာ​နေရာကိုကြည့်​လိုက်​​တော့ကားအပြင်​ကိုထွက်
ပြီးလက်​​ထောက်​ကာsehunကို​သေချာကြည့်​​နေ
သည်​။

" minho ... ငါသွားပြီ "

" goodluck ​ဟေ့​ကောင်​​ရေ ... "

chanရှိရာတစ်​ဖက်​လမ်းကိုသွားဖို့လုပ်​ရင်းအ​နောက်​က
minhoရဲ့ဆု​တောင်းသံ​ကိုလက်​ခလယ်​​ထောင်​ပြ
ရင်းအသိအမှတ်​ပြုခဲ့လိုက်​သည်​။

" chan ...​မောင့်​ကိုလာကြိုတာလား? "

Chanအနားကိုသွားကာမျက်​နှာချို​သွေးရင်း​မေး
လိုက်​​ပေမယ့်​chanကကျွန်​​တော့်​လက်​ထဲက
လွယ်​အိတ်​ကို​ပြောင်းယူရင်း​ဘေးဘက်​ကတံခါး
ကိုဖွင့်​​ပေးသည်​။

ဤချစ်​ခြင်းတွင်​ယုံကြည်​ပါ၏Where stories live. Discover now