Companyတွင်ရှယ်ယာရှင်အစည်းအဝေး
ရှိသည့်အတွက်chanyeolခါတိုင်းထက်
ပိုစောကာအိပ်ရာကထလိုက်သည်။ ဒီနေ့က
sunday။ မောင့်ကိုအပြင်လိုက်ပို့မယ်လို့
ကတိပေးထားတဲ့နေ့ဆိုလည်းမမှားဘူး။
ရုတ်တရက်ကြီးကောက်လုပ်လိုက်တဲ့
အစည်းအဝေးကြောင့် ဒေါသအိုးလေးမောင်
တော့chanyeolကိုစိတ်ကောက်ဦးမှာ
အသေအချာပဲ။" Chan ..... "
ဟော! အတွေးတောင်မဆုံးသေးဘူး။
တံခါးကိုဖွင့်ပြီးညအိပ်ဝတ်စုံအနီလေး
နဲ့မျက်လုံးများကိုလက်နဲ့ပွတ်သပ်ရင်း
ဝင်လာတဲ့မောင်။" ကြားသားမိုးကြိုး ... ကိုယ့်ကလေးက
အစောကြီးနိုးနေပါ့လား? "" ကလေးမဟုတ်ပါဘူးဆို ... "
သိမ်းပြီးသားchanyeolကုတင်ပေါ်တက်
ကာလူးလိမ့်နေပြန်တော့ခေါက်ပြီးသား
စောင်တွေပြန့်ကျဲကုန်ပြန်သည်။ သူ့ကို
ကလေးလို့ခေါ်ရင်လုံးဝမကြိုက်သည့်
မောင်ကအခုလည်းနှုတ်ခမ်းကိုဆူကာ
မျက်မှောင်လေးကျုံ့လို့ပြောသည်။" Chanဘယ်သွားမလို့လဲ? "
အကဲခတ်မြန်တဲ့ကောင်လေးပါပဲ။
လက်ကအကျီကြယ်သီးကိုတပ်နေရင်း
မှကုတင်ပေါ်ကဆံပင်တွေထိုးထောင်
ကာရှုပ်ပွနေသည့်ချစ်စရာလူသားလေး
ကိုကြည့်လိုက်သည်။" ဒီနေ့ရှယ်ယာရှင်အစည်းအဝေးရှိလို့
ကိုယ်သွားရမယ် ... ပြန်လာရင်
မောင်သွားချင်တဲ့နေရာလိုက်ပို့ပေး
မယ်နော် ... "" Chanကအမြဲအဲ့လိုပဲ ...
တစ်ရက်လောက်လေးမောင့်ကို
အချိန်ပေးဖို့ကအရမ်းခက်ခဲနေတဲ့
ကိစ္စကြီးလား? "" အဲ့တာဆိုကိုယ်ကဘယ်လိုလုပ်ရ
မှာလဲ? Appaကိုသွားပြောလိုက်ရမှာ
လား? ကျွန်တော်ဒီနေ့မောင့်ကိုအပြင်
လိုက်ပို့မှာမို့အစည်းအဝေးလေးရွှေ့ပေး
ပါဆိုပြီးလေ ... "ကုတင်စွန်းမှာဝင်ထိုင်ကာရှုပ်ပွနေတဲ့
ဆံပင်ခဲရောင်လေးတွေကိုလက်နဲ့သပ်
ချပေးလိုက်သည်။" အားနေအဲ့အလုပ်၊အလုပ်၊အလုပ်ပဲ "
" မဆိုးပါနဲ့ကွာ ... ကိုယ်မြန်မြန်
ပြန်လာခဲ့မယ်လေ ... "
YOU ARE READING
ဤချစ်ခြင်းတွင်ယုံကြည်ပါ၏
Fanfictionမြတ်နိုးမိသည့်ထိုလူသားအား ထာဝရအတွက်ရည်ရွယ်ပြီး အနီရောင်နှလုံးသားကိုပုံကာ ဤချစ်ခြင်းတွင်ယုံကြည်ပါသည် ... #ChanHun #Believe in my PandoraCouple By Prettynoona_94 {Unicode} မြတ်နိုးမိသည့်ထိုလူသားအား ထာဝရအတွက်ရည်ရွယ်ပြီး အနီရောင်နှလ...