Lovely Darling

3.2K 203 23
                                    


မနက်​ခင်းရဲ့​​နေရောင်​ခြည်​​တွေ​စေ့​ဆော်​မှု့​ကြောင့်
မျက်​လုံးတို့ဖွင့်​လိုက်​သည်​။ ​လေ​အေး​ပေးစက်​ရဲ့
အကူနဲ့အခန်းတွင်းတွင်​​အေးမြ​နေသည်​။

သို့​သော်​Sehunက​တော့​အေးမြမှု့ကိုမခံစားရ။
အ​နောက်​ဘက်​ကတင်းကျပ်​စွာ​ပွေ့ဖက်​ထား​သော
ရင်​ခွင်​တစ်​ခု​ကြောင့်​​နွေး​နေခဲ့သည်​။

တင်းကျပ်​စွာ​ပွေ့ဖက်​ထား​ပေးတဲ့လက်​​မောင်း​တွေ
ကြားမှာsehun​ကျေနပ်​ပြုံး​လေးပြုံး​နေလိုက်​သည်​။
တကယ့်​ကိုပဲchanကစကားနား​ထောင်​တယ်​။

" နိုးပြီလား ​မောင်​ .... "

နားစည်​ကိုလာရိုက်​ခတ်​တဲ့သြရှရှအသံတစ်​ခု
ကြောင့်​sehunခန္ဓာကိုယ်​ကိုchanနဲ့မျက်​နှာ
ချင်းဆိုင်​ဖြစ်​​စေဖို့အ​နောက်​ဘက်​ကိုလှည့်​လိုက်
သည်​။

" chan .... "

" အွန်း ... "

" ဘယ်​အချိန်​ထဲက
မောင့်​အခန်းထဲဝင်​လာတာလဲ? "

သူ့ကိုအုပ်​မိုးကြည့်​​နေတဲ့chanမျက်​နှာတစ်​ခုချင်းစီ
ကိုအ​သေးစိတ်​မှတ်​ရင်း​sehunမေးလိုက်​သည်​။

" ​မောင်​ပြန်​​ရောက်​ပြီးခန​နေ​တော့​လေ ...
မောင်​အခုတ​လောပြန်​လာတာတအား​နောက်​ကျ
တာပဲ ... ကိုယ်​မကြိုက်​ဘူး​နော်​ "

" အာ ~~ chanကလည်း ...
မ​နေ့ကနှစ်​နာရီမှာပြန်​​ရောက်​တယ်​​လေ ...
အဲ့တာ​စောတာ​ပေါ့ ... "

chanyeolသူ့​အောက်​မှာခုထိ​စောင်​ပုံထဲက
မထွက်​ဘဲမျက်​​မှောင်​ကျုံ့ကာ​ဇောဒကတက်​​နေတဲ့
က​လေးဆိုး​လေးကိုပြုံးပြီးကြည့်​​နေလိုက်​သည်​။

" ည​သန်း​ခေါင်​​ကျော်​​နေတာ​လေးလဲထည့်​​ပြော
လေ​မောင်​ဆိုး​လေးရဲ့ ... ကိုယ်​မှာလိုက်​တာ
12မထိုးခင်​ပြန်​လာဖို့​လေကွာ ... "

" chanက​လေအဖိုးကြီး​ပေါက်​စကျ​နေတာပဲ "

သူ့ကိုပြုံးကြည့်​​နေတဲ့ကျွန်​​တော့်​နှာ​ခေါင်းထိပ်​ကို
ဖွဖွဆွဲကာအိပ်​ရာ​ပေါ်ကထပြီး​ရေချိုးခန်းထဲဝင်
သွားတဲ့​ကျောပြင်​​လေးကိုကြည့်​ရင်း​မောင်​မကြား
နိုင်​​သော်​လည်းတိုးဖွဖွ​ပြောလိုက်​သည်​။

ဤချစ်​ခြင်းတွင်​ယုံကြည်​ပါ၏Tahanan ng mga kuwento. Tumuklas ngayon