👑5 (3)(Zawgyi&Unicode)

2.8K 130 1
                                    

Hyunဖတ်ချင်နေပေမယ့် ဈေးထဲမှာရှာမတွေ့လို့
မ၀ယ်ရတဲ့စာအုပ်တွေကပင် Chanyeolဆီမှာ တစုတစည်းတည်းတွေ့နေရတာမို့ Hyunမှာ အပျော်ကြီးပျော်ကာ ဟိုစာအုပ်ယူလိုက်ဒီစာအုပ်ယူလိုက်နှင့်
လိုက်ယူနေတာ လက်ထဲတွင်ပဲ ငါးအုပ်လောက်ဖြစ်နေပြီဆိုတော့

ကျန်တဲ့စာအုပ်လေးတွေကို လှည့်ကြည့်လှည့်ကြည့်ကြည့်ကာ မအီမလည်နဲ့
Chanyeolဆီပြန်လာခဲ့လိုက်သည်

"ဘယ်လိုလဲ Baekhyun အဆင်ပြေခဲ့ရဲ့လား"

"ပြေပါတယ် .. စာအုပ်တွေတော်တော်စုံတာပဲနော်"

"အင်း ဟုတ်တယ် ခဏခဏ၀ယ်ဖြစ်တော့ စာအုပ်ကအရမ်းစုံတယ် တော်ရုံဝယ်မရတဲ့စာအုပ်ဆို ကျွန်တော်ဆီမှာရှိတတ်တယ်လေ ရင်းနှီးတဲ့သူငယ်ချင်းတယောက်က မျိုးရိုးမြင့်လို့"

"ဩော်"

*စစ်သူကြီးသား ထက် မျိုးရိုးမြင့်တယ်ဆိုတော့
အတွင်းဝန်အမတ်ရဲ့သားလား?*

ဩော်တလုံးသာထောက်ပြီး တွေးနေတဲ့ hyunကို
Chanyeolက ပြုံးရုံတင်ပြုံးပြီးကြည့်ကာ

"စိတ်မရှိဘူးဆိုရင် ကိုယ်နေ့လည်စာကျွေးပရစေ"

"အာ ... မဟုတ်တာပဲ
စာအုပ်တွေ ငှားတဲ့အပြင် နေ့လည်စာပါကျွေးတယ်ဆိုတာကမဟုတ်သေးပါဘူး ကျွန်တော်ကျွေးပါ့မယ်"

"အိမ်လာရင် ဧည်သည့်ကို ဧည့်ဝတ်ကျေအောင်ဧည့်ခံတာ ကိုယ်တို့အိမ်ရဲ့စည်းမျဉ်းမို့ ဖြစ်နိုင်ရင်မငြင်းစေချင်ပါဘူး"

"ကျွန်တော်...."

"မငြင်းပါနဲ့ Baekhyun
ကိုယ်တို့ဘက်က၀တ်တရားကျေချင်လို့ပါ"

ထပ်ခါထပ်ခါပြောလာတော့ ငြင်းရတာပင် အားနာလာပြီမို့
ထပ်မငြင်းတော့ပဲနှင့် hyunခေါင်းညိမ့်လိုက်တော့သည်
ထိုတော့မှ သူက စိတ်ကျေနပ်ဟန်ဖြင့်

"ကိုယ့်နောက်ကလိုက်ခဲ့ပေးပါBaekhyun"

သူနောက်ကနေတိတ်တိတ်ဆိတ်ဆိတ်လိုက်သွားကာ
သူ့ကျောပြင်ကိုကြည့်ရင်း
အမျိုးအမည်မသိသောအတွေးတွေကြောင့် ခေါင်းကို တဖတ်ဖတ်ခါရမ်းရင်း
Luhanမြန်မြန်ပြန်လာဖို့ဆုတောင်းရတော့သည်

King👑(Zawgyi&Unicode)Tempat cerita menjadi hidup. Temukan sekarang