zawgi
ထိပ်ထားအသက်၁၄နှစ်...ထိပ်ထားဖေဖေက သမီးတစ်ယောက်ကိုမွေးစားဖို့အကြောင်းပြောတာကိုပထမဆုံးစကြားခဲ့ရတာဖြစ်သည်။
ထိုနေ့က ထိပ်ထားဝမ်းနည်းနေသောနေ့...ထိပ်ထားရဲ့သူငယ်ချင်းကနောက်နှစ်တွင်အိမ်ရောကျောင်းပါပြောင်းတော့မည်ဆိုတာကိုသိလိုက်ရသောနေ့ ထိပ်ထား၏စိတ်ကထိခိုက်ခံစားလွယ်နေသောအချိန်ဖြစ်သည်။
"ဟင့်အင်း မမွေးရပါဘူး..."
အဖေနှင့်အမေပြောတာကိုနားစွန်နားဖျားကြားလိုက်ပြီး ၀င်ကန့်ကွက်လိုက်ခြင်းဖြစ်သည်။
"သမီးကလွဲလို့ဘယ်သူ့ကိုမှမချစ်ရဘူး သမီးပဲဖေကြီးနဲ့မေကြီးရဲ့သမီးလုပ်မှာ ဘယ်သူ့ကိုမှထပ်မမွေးရဘူး..."
"သမီး ထိပ်ထား..."
ထိပ်ထား အော်ပြောခဲ့ကာ အခန်းထဲသို့ပြေးဝင်လာခဲ့သည်။နောက်ကအဖေနှင့်အမေပြောနေသောစကားတို့ကိုနားမထောင်ပဲ ထိပ်ထားထွက်ပြေးခဲ့သည်။
ထိပ်ထားကငယ်ငယ်တည်းက အလိုလိုက်ခံခဲ့ရတာဖြစ်သည်။တစ်ဦးတည်းသောသမီးမို့ အဖေနှင့်အမေက လက်ညှိုးညွှန်ရာရေဖြစ်အောင်ဖြည့်ဆည်းပေးထားသည်။ထိပ်ထားတစ်ခွန်းဆိုတစ်ခွန်းအရာအားလုံးကထိပ်ထားအလိုကျဖြစ်ခဲ့တာဖြစ်သည်။
အရာရာတိုင်းမှာ မင်းသမီးဖြစ်ခဲ့တဲ့ထိပ်ထား...အမြဲအလိုလိုက်ခံရတဲ့ထိပ်ထား ဒီတစ်ခါတော့အလိုလိုက်မခံခဲ့ရ...ငြင်းဆိုနေသည့်ကြားကပင်အဖေနှင့်အမေက ကလေးတစ်ယောက်ကိုမွေးစားခဲ့သည်။
အဖေ့အပေါ်ကျေးဇူးရှိခဲ့ဖူးသူသူငယ်ချင်း၏တူမလေး...မိဘတွေမရှိတော့ပဲဦးလေးနှင့်နေရာက ထိုဦးလေးကပါဆုံးပါးသွား၍ တစ်ယောက်တည်းဖြစ်နေရှာသောသနားစရာကောင်မလေးတစ်ယောက်ဟူ၍မေမေကနားချခဲ့သော်လည်း ထိပ်ထားလက်မခံ...ထိပ်ထားသူ့ကိုမသနားပါ...
ထိပ်ထားကတော့ သူ့ကိုသနားရမည့်အစားမုန်းခဲ့သည်...သူကထိပ်ထားရဲ့ပိုင်ဆိုင်မှုတွေကိုလုယူဖို့ရောက်လာခဲ့တာလို့ပဲတွေးခဲ့သည်။
YOU ARE READING
တိမ်မြုပ်နေသော
Short Storyသူ့အတ္တတွေအောက်တွင် တိမ်မြုပ်နေသော အချစ်တစ်ခုရှိသည်။