Zawgi
မသိမသာဝေးကွာမှုလေးတွေက အချိန်ကြာလေသိသာထင်ရှားလာလေဖြစ်သည်။မမ ပြောနေတဲ့စကားများထဲတွင် ထိပ်ထားအကြောင်းထက် တခြားတစ်ယောက်အကြောင်းက များလာတတ်သည်။သူကြိုက်တဲ့ ရုပ်ရှင်နဲ့ စာအုပ်တွေအကြောင်းဆွေးနွေးနိုင်တဲ့ သူငယ်ချင်းကို သူနဲ့အကြိုက်ချင်းဆန့်ကျင်ဘက်ဖြစ်တဲ့ထိပ်ထားထက် အချိန်တွေပိုပေးလာသည်။
"မမ..."
"ပြောလေထိပ်ထား...."
ပြန်ထူးလိုက်ပေမယ့် ထားမြင့်နဒီက လက်ထဲကဖုန်းကိုအကြည့်မလွှဲ...အသံမကြားမှ မျက်လုံးလေးပင့်ပြီး ထိပ်ထားကိုကြည့်လာသည်။
ထိပ်ထားလည်း ခေါ်သာခေါ်လိုက်ရတာ ဘာပြောလို့ပြောရမှန်းမသိ...ဒီအတိုင်းသူ့ကိုနည်းနည်းလေးတောင်အဖတ်မလုပ်တာမို့ခေါ်လိုက်ခြင်းသာဖြစ်သည်။အခု လှည့်ကြည့်လာတော့ပြောစရာမရှိ...
''ဟိုဟာ....''
Ph ring~
ရုတ်တရက်မြည်လာသောဖုန်းကြောင့် မမက ထိပ်ထားဆီကနေအကြည့်တြွေပန်လွှဲကာ ဖုန်းကိုင်လိုက်သည်။
"ဟဲလို ဟေမန်...အင်း..."
ဝရန်တာဆီကိုထွက်သွားတဲ့ မမကို ထိပ်ထားမတားနိုင်ခဲ့ပါ...မမဟာ သူငယ်ချင်းအသစ်ရသွားတဲ့အခါ ထိပ်ထားကိုပစ်သွားခဲ့လေပြီ...
အခန်းထဲမှာ လုပ်စရာအလုပ်လည်းမရှိတာမို့အခန်းပြင်ထွက်ကာ အမေနှင့်အတူတူ ကိုးရီးယားကားကြည့်ဖို့သာဆုံးဖြတ်လိုက်တော့သည်။
"ထိပ်ထား ခုနကမမကိုဘာပြောမလို့လည်း..."
အခုမှဖုန်းပြောပြီးပုံပေါ်သော ထားမြင့်နဒီက အခန်းထဲကထွက်လာကာ ပျာပျာသဲသဲနှင့်မေးသည်။
"ဘာမှမဟုတ်ဘူး..."
"သြော် မမ ကဘာများပြောမလို့လည်းလို့..."
"လိုက်လာခဲ့..."
ထိပ်ထားက ထားမြင့်နဒီကိုလက်ကောက်ဝတ်ကနေဆွဲကာ အခန်းထဲပြန်ခေါ်လာလိုက်သည်။ညီအစ်မနှစ်ယောက်ကြားက စစ်အေးတိုက်ပွဲတွေကို ရိုးနေကြတဲ့အဖေနဲ့အမေကတော့ ထိပ်ထားတို့ကိုတစ်ချက်တောင်မကြည့်ပဲသူတို့လုပ်လက်စအလုပ်များကိုသာလုပ်နေလေသည်။
KAMU SEDANG MEMBACA
တိမ်မြုပ်နေသော
Cerita Pendekသူ့အတ္တတွေအောက်တွင် တိမ်မြုပ်နေသော အချစ်တစ်ခုရှိသည်။